အရေးပေါ်ခန်းရဲ့ မှန်တစ်ချပ်ခြားတဲ့ အနေအထားက ဒီလောက်ထိတ်လန့်ရမယ်လို့ sehun မတွေးမိဖူးပါ...
သွေးတွေ စွန်းထင်းနေတဲ့ လက် ၂ဖက်နဲ့ဘဲ မှန်ကို ဖိမှီထားရင်း အထဲက ဆရာဝန်တွေလက်ထဲမှာ လှုပ်ရှားမှုမရှိတဲ့ ပုံရိပ်လေးကို ကြောက်လန့်တကြား ငေးနေမိတယ်....
ရုတ်တရက်ကြီး jongin ကသွေးပေါင်တွေကျသွားပြီး နှလုံးခုန်နှေးကျသွားကာ ရပ်တန့်သွားတာမို့ ဆရာဝန်တွေ ပျာယာခတ်သွားသလို sehun မှာ အရူးမီးဝိုင်း...
" မလုပ်ပါနဲ့... Jongin... အဲ့လို မလုပ်ပါနဲ့...
ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့... Jongin..!!!!!"
Oh Sehun ရဲ့ သွေးရူးတန်းရူးအခြေနေကို သားမမြင်စေချင်ပေမယ့် Emma ဖူံးကွယ်ဖို့ မကြိုးစားပါ..
အဖေဖြစ်သူကို အံ့အားသင့်စွာ ငေးနေတဲ့ သားကိုကြည့်ရင်း..
" သား ကြည့်ထားနော်...
ယောကျာ်း ၂ယောက်ရဲ့ အချစ်က ကောင်းတာဖြစ်လာဖို့ မရှိဘူး..."
သားက နားမလည်ပေမယ့် Emma မဲ့ပြုံးပြုံးမိလားတော့မသိပါ..
Sehun ကို ချစ်ခဲ့တာမှန်ပေမယ့် အခုတော့ ကိုယ်မဟုတ်တဲ့တစ်ခြားတစ်ယောက်ကြောင့် သေမတတ်နာကျင်နေတာတွေ့တော့ မေတ္တာပင်မရှိတော့သလို....
" ပြန်ရအောင် သား.."
Sehun ကိုငေးနေတဲ့ သားလက်ကိုဆွဲကာ Emma ဆေးရုံအပြင်ဘက်ထွက်လာခဲ့လိုက်သည်...
ထွက်သွား Kim Jongin...
နှစ် 20 ကျော်နေထိုင်လာခဲ့ပြီးပြီဘဲ..
မရှိလည်း ဖြစ်တာမို့ ပြန်မလာပါနဲ့တော့....
" အသက်ကယ်ဆေးထိုးပေးပါ... အမြန်..!!
နှလုံးနှိုးစက်အသင့်လုပ်ထားပါ..."
Sehun မျက်တောင်တစ်ချက်မခတ်ရဲဘဲ အရေးပေါ် ခန်းရဲ့ရှေ့မှာ ကြောက်ရွံ့မှုတွေနဲ့ရပ်နေခဲ့တယ်...
တစ်ချက်...! နှစ်ချက်...!
သုံူးချက်..!!
မျဉ်းလေးပြန်မကွေးလာဘူး...
YOU ARE READING
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........