အပိုင်း - ၂၄

6.4K 1.1K 111
                                    

အိမ်ထိန်းရော အဒေါ်ကြီးရော ji hun လေးတက်နေတဲ့ ဆေးရုံကိုသွားကြတာမို့ မီးဖိုခန်းထဲမှာ sehun တစ်ယောက်တည်း အလုပ်များနေရတယ်...

သားက သက်သာလာပြီမို့ sehun စိတ်အေးရပေမယ့် ကျောင်းက ပြသနာတွေကို အတွင်းရေးမှူးကိုလွှဲကာ Jongin အနားမှာဘဲ အချိန်ပြည့်နေနေတာ...

အဒေါ်ကြီးချက်သွားတဲ့ ထမင်းဟင်းတွေကို sehun ပန်းကန်ထဲ ထည့်နေရင်း ဇွန်းခြင်းကို တိုက်မိသွားကာ မီးဖိုခန်းတစ်ခုလူံးဆူညံသွားရတယ်...

တစ်ချက် မူးဝေသွားတဲ့ခေါင်းကြောင့် မြင်ကွင်းတွေကပြာသွားကာ မြင်လွှာတွေက ၂ထပ် ၃ ထပ်....

ရေခဲသေတ္တာကို ခဏမှီကာနားလိုက်ပြီး Jongin စားဖို့ ဗန်းကို အပေါ်ထပ်ကို အားတင်းကာယူလာလိုက်တယ်...

သော့ကို ဖွင့်ပြီး အခန်းထဲကို ကြည့်လိုက်တော့ လိုက်ကာတွေချထားလို့ မှောင်နေတဲ့ အခန်းထဲမှာ jongin က တိတ်တဆိတ်လေးနဲ့ ထိုင်နေတယ်...

Sehun သက်ပြင်းအသာချလိုက်ရင်း လိုက်ကာတွေလိုက်ဆွဲဖွင့်တော့မှ အခန်းကအလင်းရောင်ဝင်လာသည်..
Jongin ကတော့ Sehun ကိုလည်းမကြည့်သလို လုပ်နေတာကိုလည်းဘာမှမပြော...

" ကလေး ထမင်းစားရအောင်နော် .. "

Jongin သူ့အရှေ့မှာ စားပွဲခုံပုလေးနဲ့ ထမင်းဟင်းတွေလာချပေးတဲ့ sehun ကို ကြည့်လိုက်တော့ နှုတ်ခမ်းတွေပင်ဖြူဖျော့နေတာ မျက်နှာတစ်ခုလုံးက မို့ဖောင်းနေတယ်...

ဦး ဖျားနေတာလားဆိုပြီး စိတ်ထဲမှာ ထိတ်လန့်သွားပေမယ့်
အပြင်မှာတော့ ထုတ်မပြောဖြစ်...

ဇွန်းကိုကောက်ကိုင်လိုက်ရင်း စားစရာရှိတာကိုစားနေတဲ့ jongin ကိုကြည့်ရင်း sehun မျက်ရည်ပင်လည်လာရတယ်..

ကလေးရယ်... ကိုယ်မင်းကိုအစောကြီးထဲက မစွန့်လွှတ်ခဲ့ရမှာ...ဘာအကြောင်းနဲ့မှ မင်းကိုမတွေဝေဘဲ ဖမ်းဆုပ်ထားခဲ့သင့်တာ... ကိုယ်နောင်တတွေရလိုက်တာ..

" ကျနော်စားနေတာကို ထိုင်ကြည့်မနေနဲ့ oh sehun..
ဒီအခန်းထဲမှာ ဘယ်နရက်ထိကျနော်နေရမှာလဲ..
ကိုယ့်ဘဝကိုယ်လည်း ကျနော် စောက်ရမ်းစိတ်ပျက်နေပြီ..."

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now