တိတ်ဆိတ်နေတဲ့ ဆေးရုံခန်းလေးထဲမှာ ရေနွေးငွေ့စက်ကခပ်တိူးတိုးအသံလေးရယ် လူ၂ယောက်ရဲ့ အသက်ရှုသံမျှင်းမျှင်းလေးရယ်ကသာ နေရာယူထားတယ်...
" ကျနော် စဉ်းစားပြီးပြီ ဦး... "
ဆေးရုံကုတင်ကို မှီရက်ထိုင်နေတဲ့ ခပ်ဖျော့ဖျော့ခန္တာကိုယ်လေးနဲ့ Jongin က ဆုံးဖြတ်ပြီးသားလေသံဆိုလာတော့ sehun ဟာသူ့အတွက် သေမိန့်ချမယ့်လူလို ဒဏ်ရာတွေရှိနေဆဲ jongin မျက်နှာကို ငေးကြည့်တယ်...
" ကျနော် ထွက်သွားတော့မယ်... ဦး နှလူံးသားထဲမှာတော့ ဘယ်တော့မှ ကျနော် မရှိခဲ့တဲ့အတွက် ထွက်သွားစရာမလိုပေမယ့် ဦး ဘဝထဲကို ဝင်ရှုပ်မိခဲ့တာမို့ တောင်းပန်ပါတယ်..
ကျနော်လည်း ထိုက်တန်တာပြန်ခံရပြီးပြီမို့ ဦးရော ဦးဇနီးရောကျေနပ်ပေးဖို့ မျှော်လင့်ပါတယ်.."
Jongin ရဲ့ စကားသံအဆူံးမှာ sehun ကမ္ဘာပြိုတယ်...
မဟုတ်ပါဘူး... မလူပ်ပါနဲ့လို့ ရင်ထဲက မြည်ဟီးနေပေမယ့် sehun နှုတ်ခမ်းဖျားမှာ စကားတွေရှာမရ...
" Jong.. in "
Sehun အသံက တကယ်ကိုအက်ကွဲနေခဲ့တာမို့ jongin ပင် sehun မျက်နှာကို အထိတ်တလန့်ကြည့်မိတယ်...
Sehun မျက်ဝန်းထဲက အရည်ကြည်တွေဟာ ကျနော့်အတွက်ပါလို့ မတွေးရဲတဲ့အထိ ဦးနဲ့ပတ်သတ်တာတွေကို ကျနော်ကြောက်လန့်နေတတ်ခဲ့ပြီ...
" ဒီ တစ်နည်းဘဲ ရှိတော့တာလား... ဟင် Jongin..
တကယ်ကိုဘဲ ကိုယ်နဲ့အဝေးကြီးမှာ မင်း.."
Sehun စကားတွေ မဆက်နိုင်ဘဲ Jongin မျက်နှာကို ငေးကြည့်ပေမယ့် Jongin က တည်ငြိမ်နေသလိုပါဘဲ...
" ကျနော် နေကောင်းရင် ထွက်သွားတော့မယ်ဦး...
ဦးကို မုန်းတဲ့စိတ်နဲ့ ကျနော် ရှင်သန်နေမှာမဟုတ်သလို သတိရနဲ့လည်းလွမ်းနေမှာမဟုတ်ဘူး... ဒါကြောင့်မို့ ဦးစိတ်ပူစရာမလိုလဲ စိတ်အေးလို့ရတယ်... ကျနော်နားချင်ပြီ ဦး.."
Sehun ကိုကျောပေးသွားတဲ့ ကျောပြင်လေးက အထီးကျန်နေတယ်ဆိုတာ sehun ခံစားလိူ့ရပါတယ်...
ဒါပေမဲ့လည်း ဒါ ချစ်ရသူရဲ့ ဆူံးဖြတ်ချက်မဟုတ်လား..
" Jongin ရယ်..."
Jongin ရဲ့ ပုခူံးလေးကနေ ဆွဲလှည့်ပြီး အတူတုူထွက်သွားကြမယ်လို့ sehun ပြောချင်ပေမယ့် သတ္တိနည်းစွာနဲ့ အခန်းထဲကနေ လှည့်ပြန်ခဲ့တယ်...
ကိုယ်နဲ့ အဝေးဆူံးမှာ တောက်ပပါ ကလေးရယ်..
တစ်ဘဝလုံးစာပျော်ဖို့ ကိုယ်တို့ ခဏဘဲ ငိုကြမယ်...
ကိုယ့်နားမှာဆက်ရှိရတာ ကလေးအတွက် မွန်းကြပ်မှုတွေနဲ့ ခက်ခဲစေခဲ့ရင် အရှုံးတွေနဲ့ကိုယ် နေခဲ့မယ်...
ကိုယ့်နှလုံးသားကိုယူပြီး ကိုယ်နဲ့အဝေးမှာ
ဘဝသစ်နဲ့ရှင်သန်ပါ...
တောင်းပန်ပါတယ် ... နောက်ဘဝမှာဒီ့ထက်ပိုချစ်ပေးပါ့မယ် ကလေး....
Sehun ရဲ့ ခြေသံတွေ အဝေးကိုရောက်သွားမှ jongin ချူပ်တည်းထားသမျှကို ဖြေချမိသည်...
ရင်တစ်ခုလူံးတင်းကြပ်ကာ မျက်ရည်ပေါက်တွေ လိမ့်ကျလာမယ့် jongin အံကြိတ်ထားဆဲ...
တကယ်လို့... ကျနော်တို့ ဘယ်တော့မှ ပြန်မတွေ့ကြတော့ရင်တောင် ကျနော်သူ့ကို ဘယ်တော့မှ လိုက်မရှာတော့ဘူး..
ကုတင်ဘေး စားပွဲပေါ်က စာရွက်လေးကို ယူကာ
Jongin ရဲ့ နောက်ဆူံးနှုတ်ဆက်စာကို ချရေးလိုက်သည်...
ဖက်တွယ်မထားသင့်တဲ့အထဲမှာ အချစ်လည်းပါတယ်မလား...
"ပျော်ရမယ်နော် ဦး...
ကျနော့် မျက်ရည်တွေနဲ့ ခင်းတဲ့လမ်းမှာ ဦးစိတ်ချမ်းသာမှဖြစ်မယ်... ဦးချစ်တဲ့ မိန်းကလေးရော ဦးကိုယ်တိုင်ရော ပျော်မယ်ဆိုရင် ကျနော့်မျက်ရည်တွေက တန်ကြေးကြီးပါတယ်...
သွားတော့ ဦးရေ....
ဦး နဲ့ ကျနော်က ခဏတာ ဆူံမှတ်လေးဖြစ်ခဲ့ရုံ...
နောက်ဘဝကျရင် ဒီ့ထက်ပို ချစ်ခွင့်တွေရအောင်
ဘုရားသခင်ဆီမှာ တောင်းဆိုပါ့မယ်...
ဒါဟာ ဝဋ်ကြွေးဆိုရင်တောင် ဦးပေးတာမို့
ကျနော် သိပ်ကိုကျေနပ်တယ် ဦး...
ကျနော့်ကမ္ဘာမှာတော့ ဆုတောင်းတွေလည်း
မပြည့်တော့ဘူး.. ပန်းတွေလည်း မပွင့်တော့ဘူး...
ဒါပေမဲ့လည်း နောက်ဆူံးထိ ဦးကျနော့်အပေါ်
ချစ်မသွားခဲ့ဘူးနော်...
ပျော်ပါစေ ချစ်ခဲ့ရတဲ့ ဦးရေ...."
-------- ဦး -------
YOU ARE READING
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........