အပိုင်း - ၁

15.9K 1K 53
                                    

" ဦးပြန်လာပြီ...!"

အပေါ်ထပ် အခန်းပြတင်းပေါက်ကနေ ခပ်ရေးရေးလှမ်းမြင်လိုက်ရတဲ့ ဦးရဲ့ ကားအနက်ရောင်လေးကြောင့် Jongin ပျော်ရွှင်စွာပင် အခန်းထဲကနေ ပြေးထွက်လာမိသည်....

ကြောင်လိမ်ကျွန်းလှေကားကြီးကို တဘုန်းဘုန်းအသံမြည်တဲ့အထိ ပြေးဆင်းလာတော့ မီးဖိုချောင်ထဲက ကြီးကြီးက ပြေးထွက်လာကာ ...

"ဟဲ့..ဟဲ့... Nini လေး ..!
ခြေချော်ကြမယ်လေကွယ်... ဖြည်းဖြည်း...!!"

သူမ အော်သည်ကိုပင် ဂရုမစိုက်ဘဲ အရှေ့ကနေဖြတ်သွားတဲ့
အညိုရောင် ကာတွန်းရုပ်အကျီင်္ီလေးနဲ့ ကောင်လေးက အော်သွားတာ...

" ဦး ပြန်လာပြီ ကြီးကြီးရေ" တဲ့လေ...."

•••

" ဦး... Nini ကို အိတ်ပေး...."

Sehun လက်ထဲက အိတ်ကို လာဆွဲတဲ့ ကောင်လေးကို
ပြုံးကြည့်လိုက်ပြီး လက်ထဲက အိတ်ကို ပေးလိုက်သည်....

ဝါးးးး.... ဦးက ပြူံးပြတာ ချောလိုက်တာ ㅜ ㅜ

" Jongin ဖို့ ဂျပန်ကနေ မုန့်ဝယ်လာခဲ့တယ်နော်...
ပြီးမှ အိတ်ထဲက ထုတ်ပေးမယ်...."

ပြူံးပြူံးလေးနဲ့ ပြောလာတဲ့ ဦးကျေနပ်အောင် Jongin ခေါင်းညိတ်ပြလိုက်ပေမယ့် တကယ်လိုချင်တာ ထိုမုန့်တွေ မဟူတ်ပါ....

မင်္ဂလာပွဲပြီးလို့ ၂ရက်မြောက်နေ့ကတည်းက ဂျပန်ကို အလုပ်ကိစ္စနဲ့ ထွက်သွားတဲ့ ဦး ပြန်လာဖို့သာဖြစ်သည်...

သုံးဆယ်ကျော်ဟု မထင်ရလောက်အောင် နုပျိုလွန်းသည့်
ဦးက Jongin ရဲ့ ခင်ပွန်းပေမယ့် ချစ်လို့ လက်ထပ်ခဲ့ကြတာမဟုတ်ပါ.....

Jongin က ဖွားဖွားဟု ခေါ်တဲ့ ဦးရဲ့ မေမေဆန္ဒအရ Jongin တို့ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်....

မောင်နှမ ၆ယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ဦးက အချောဆူံး.... ဦးရဲ့ ကိုကိုတွေ မမတွေကလည်း ချောကြပါတယ်..
ဦးကို မမှီပေမယ့်ပေါ့...ဟီးဟီးး

Jongin ရဲ့ မေမေ နဲ့ ကြီးကြီး ( ဦးရဲ့ အမအကြီးဆုံးက ) ငယ်သူငယ်ချင်းတွေ ဖြစ်တဲ့အလျှောက် မေမေ့ကို ချွေးမမတော်လိုက်ရတဲ့ ဖွားဖွားက Jongin ကိုတစ်ယောက်တည်းလူလွတ်ကျန်တော့တဲ့ ဦးနဲ့ နေရာချပေးခဲ့ခြင်းဖြစ်သည်....

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now