အပိူင်း - ၂၅ ( Unicode )

986 89 3
                                    


မင်းဟာ ငါ့ရဲ့ အလွမ်းဆိုတဲ့အရာလေးပါ..

နှလုံးသားထဲမှာ မင်းနာမည်လေးက ထာဝရရှိပြီးသား..

အချစ်ဆိုတာလည်း မင်းပါဘဲ..

••••

" ကိုယ့်ကို မုန်းပြီးရှင်သန်မသွားပါနဲ့...

သတိလည်းမရပါနဲ့ ..."

နောက်ဆူံးတောင်းဆိုခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ

Oh Sehun က သူဖြစ်ချင်တာကို ပြောနေတုန်းဘဲ...

ဘာမှပြန်မပြောဘဲ Sehun ရဲ့ အိပ်ယာခင်းပေါ်က ဆံပင်ချည်တွေကို Jongin ခပ်မြန်မြန်ကောက်သိမ်းပစ်ပြီး လူံးချေထားလိုက်တယ်..

Sehun ကိုမမြင်စေချင်လို့ပေါ့...

" မသိမ်းပါနဲ့... လွန်ခဲ့တဲ့ လတွေထဲက ကိူယ်သိပြီးသားမို့လို့. ကလေး အလုပ်တွေပိုတယ်..."

ဆိုဖာမှာ ခပ်လျော့လျှောထိုင်နေတဲ့ sehun က တစ်ရက် ၂ရက်အတွင်းမှာ သိသိသာသာကိုပိန်ကျသွားတယ်...

Jongin က Sehun ဆံပင်ချည်အချိူ့ကပ်ညိနေသေးတဲ့ ခေါင်းအူံးအဖြူကို ဆောင့်ချလိုက်ပြီး ...

" oh sehun... ! ကျနော် မုန်းပြီးှရှင်သန်လည်း ကျနော့်အပိုင်းမို့လို့ ခင်ဗျား စွက်ဖက်ဖို့မလိုဘူး.. အိပ်ယာခင်းကို အမဲရောင်လဲပေးမယ်... "

နံရံကပ်ဗီရိုထဲက အိပ်ယာခင်း အနက်ရောက်ကို ဆွဲထုတ်ပြီး လုပ်စရာရှိတာလုပ်နေတဲ့ jongin ဘာတွေတွေးနေမလဲ sehun မသိပါ...

အချစ်ကို လိုချင်လို့ အတင်းအကြပ်ပိတ်လှောင်ထားပေမယ့်

သနားလို့ ပြန်လှည့်ကြည့်တာကိုတော့ sehun အသေသာခံလိုက်မည် .. မလိုချင်ပါ...

အိပ်ယာခင်း ခင်းပြီးမောသွားပုံရတဲ့ jongin က အခန်းပြင်ကို ခပ်သွက်သွက်ထွက်သွားတာကို sehun ချက်ချင်းထလိုက်သွားချက်ပေမယ့် ခန္တာကမလိုက်နိုင်ချေ...

တကယ်ဆို sehun အိပ်ယာထဲမှာဘဲ နောက်ဆုံးအချိန်ကို အေးဆေးစွာဖြတ်သန်းချင်ပေမယ့် စိတ်မအေးနိုင်ခြင်းက ခန္တာကိူယ် တတိတိ နှိပ်စက်နေသည်....

ဆိုးဆိုးဝါးဝါး အောင့်လာတဲ့ ဗိုက်ကြောင့် လူးလိမ့်ကာ အော်ဟစ်ပစ်ချင်သော်လည်း ဒီ့ထက်ပိုပြီး သနားတဲ့ အကြည့်တွေ သူမလိူချင်...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now