အပိုင်း - ၁၆

7.6K 1K 100
                                    

အရေးပေါ်ခန်းရဲ့ မှန်တစ်ချပ်ခြားတဲ့ အနေအထားက ဒီလောက်ထိတ်လန့်ရမယ်လို့ sehun မတွေးမိဖူးပါ...

သွေးတွေ စွန်းထင်းနေတဲ့ လက် ၂ဖက်နဲ့ဘဲ မှန်ကို ဖိမှီထားရင်း အထဲက ဆရာဝန်တွေလက်ထဲမှာ လှုပ်ရှားမှုမရှိတဲ့ ပုံရိပ်လေးကို ကြောက်လန့်တကြား ငေးနေမိတယ်....

ရုတ်တရက်ကြီး jongin ကသွေးပေါင်တွေကျသွားပြီး နှလုံးခုန်နှေးကျသွားကာ ရပ်တန့်သွားတာမို့ ဆရာဝန်တွေ ပျာယာခတ်သွားသလို sehun မှာ အရူးမီးဝိုင်း...

" မလုပ်ပါနဲ့... Jongin... အဲ့လို မလုပ်ပါနဲ့...
ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့... Jongin..!!!!!"

Oh Sehun ရဲ့ သွေးရူးတန်းရူးအခြေနေကို သားမမြင်စေချင်ပေမယ့် Emma ဖူံးကွယ်ဖို့ မကြိုးစားပါ..

အဖေဖြစ်သူကို အံ့အားသင့်စွာ ငေးနေတဲ့ သားကိုကြည့်ရင်း..

" သား ကြည့်ထားနော်...
ယောကျာ်း ၂ယောက်ရဲ့ အချစ်က ကောင်းတာဖြစ်လာဖို့ မရှိဘူး..."

သားက နားမလည်ပေမယ့် Emma မဲ့ပြုံးပြုံးမိလားတော့မသိပါ..

Sehun ကို ချစ်ခဲ့တာမှန်ပေမယ့် အခုတော့ ကိုယ်မဟုတ်တဲ့တစ်ခြားတစ်ယောက်ကြောင့် သေမတတ်နာကျင်နေတာတွေ့တော့ မေတ္တာပင်မရှိတော့သလို....

" ပြန်ရအောင် သား.."

Sehun ကိုငေးနေတဲ့ သားလက်ကိုဆွဲကာ Emma ဆေးရုံအပြင်ဘက်ထွက်လာခဲ့လိုက်သည်...

ထွက်သွား Kim Jongin...
နှစ် 20 ကျော်နေထိုင်လာခဲ့ပြီးပြီဘဲ..
မရှိလည်း ဖြစ်တာမို့ ပြန်မလာပါနဲ့တော့....

" အသက်ကယ်ဆေးထိုးပေးပါ... အမြန်..!!
နှလုံးနှိုးစက်အသင့်လုပ်ထားပါ..."

Sehun မျက်တောင်တစ်ချက်မခတ်ရဲဘဲ အရေးပေါ် ခန်းရဲ့ရှေ့မှာ ကြောက်ရွံ့မှုတွေနဲ့ရပ်နေခဲ့တယ်...

တစ်ချက်...! နှစ်ချက်...!
သုံးချက်..!!

မျဉ်းလေးပြန်မကွေးလာဘူး...

ဟင့်အင်း... မလုပ်ပါနဲ့.. Jongin ...
ကိုယ်ရုးသွားလိမ့်မယ်... ကျေးဇူးပြုပြီး..
ထွက်မသွားလိုက်ပါနဲ့...

နောက်တစ်ချက်.!!!

Jonginဆီက တုန့်ပြန်မှုမရှိဘူး...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now