အပိုင်း -၂၇

3.1K 440 19
                                    

" ဂျူံအင် ကို ပြောရတာ စိတ်မကောင်းပေမယ့်
Sehun အခြေနေက 50-50 ဘဲဆိုတာ သိထားတယ်မလား.. အရမ်းကြီး မျှော်လင့်ထားလို့မရပေမယ့် sehun က ကုသဖို့ စိတ်အားထက်သန်နေတာ ကျနော်တို့ အတွက် အားသာချက်ပါဘဲ.. "

မနက်က ဆွေးနွေးခန်းမှာ ဆရာဝန်ကြီးပြောခဲ့တဲ့ စကားကို ပြန်တွေးရင်း Jongin မျက်ရည်လည်လာပြန်သည်..
အရမ်းမျှော်လင့်ထားတာမဟုတ်ပါဘူးလို့ပြောချင်ပေမယ့်
အခုအချိန်မှာ Jonginမျှော်လင့်ချက်က ဦး သာဖြစ်လို့နေသည်..

" ကလေး.. ရေသွားခပ်တာ ကြာလိုက်တာ..
ကိုယ်က တစ်ခုခုဖြစ်နေပြီလားလို့ "

အခန်းထဲ ဝင်လာတဲ့ Jongin ကို လက်ဖျံမှာ ဆေးသွင်းထားတဲ့ sehun က စိတ်ပူသလိုစကားဆိုလာတော့
အသံတိတ်သက်ပြင်းချလိုက်ရင်း...

" ကောင်တာမှာ ဆေးကုန်တော့မှာလို့ ဝင်ပြောရင်း
ကြာသွားတာပါ.. ဦး အသီးစားမလား .. ကျနော် ခွဲပေးမယ်လေ.. "

ဘေးကစားပွဲပေါ် ဖန်ရေကရားလေးကို ချလိုက်ရင်း
ပန်းသီးတစ်လုံးကို ကောက်ကိုင်လိုက်တဲ့ Jongin လက်တွေကို sehun က ဖမ်းဆုပ်လိုက်တယ်..

" Innie... ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောလို့ရမလား..
ဆရာဝန်က ဘာထပ်ပြောလို့လဲ... "

Sehun ဖိဆုပ်ထားတဲ့ လက်ဖျားလေးက အေးနေသလို
မျက်ခမ်းစပ်လေးတွေက အခုမှ အငိုတိတ်ထားသလို နီရဲရဲ နဲ့ Jongin ကို ကြည့်ရင်း ရင်ပူလာရတယ်...

" ဟင့်အင်း ဦး... ဘာမှမပြောပါဘူး..ဦး အခြေနေက တိုးတက်လာတယ်လို့ "

" Jongin..!! ကိုယ်သေတဲ့အထိ လိမ်ထားမလို့လား.."

Sehun လေသံမာမာနဲ့ဆိုတော့ Jongin ကမျက်တောင်တွေကို ပူးကပ်လိုက်ကာ အင့်ခနဲ ရှိုက်သံထွက်ပြီး ကလေးတစ်ယောက်လို sehun ရင်ခွင်ထဲဝင်ကာ ချူံးပွဲချငိုပါတော့သည်..

" ဟင့်.. ဦး... ကျနော် တောင်းပန်ပါတယ်..
အဲ့လိုတွေထပ်မပြောပါနဲ့... ကျနော် ဦးမရှိတော့မှာ
အရမ်းကြောက်တယ်... "

Sehun ရဲ့ အဖြူရောင် စပ်ထားတဲ့ လူနာဝတ်စုံရင်ဘတ်မှာ စိုရွှဲသည်အထိ ငိုနေတဲ့ Jongin ကိုဖက်ထားရင်း
Sehun အသံတိတ်မျက်ရည်ကျမိသည်..

ဆေးရုံတက်ဖို့ သဘောတူကတည်းက အခြေနေအကုန်လုံးကို တစ်ယောက်ကိုတစ်ယောက်ပွင့်ပွင့်လင်းလင်းပြောပြီး အတူရင်ဆိုင်ဖို့ ကတိထားပြီးသားဖြစ်ပေမယ့် တကယ်တမ်းမှာ sehun ကိုဆူံးရှုံးမှာကြောက်တဲ့ jongin က ကတိမတည်...

ဆေးတွေလာထိုးတိုင်း ခြင်ဆီတွေထဲအထိ တစ်ဆစ်ဆစ်နာတဲ့ နာကျင်မှုတွေကို jongin ရှေ့မှာထုတ်မညည်းရဲ..
သူနာကျင်တာထက် ပိုနာကျင်နေဦးမယ့် jongin ကြောင့်သာပေါ့..

အရာအားလူံးကို sehun ကြိုးစားခဲ့တယ်..
အသက်ရှင်ဖို့... ဘုရားသခင်ကို တစ်သက်လုံး အယုံကြည်မရှိခဲ့တဲ့ sehun က သူ့နတ်သားငယ်ရဲ့ မျက်ရည်တွေ ထပ်မမြင်ရဖို့ ဘုရားသခင်ဆီနေ့တိုင်းဆုတောင်းတယ်..

ဆံပင်တွေ မရှိတော့တဲ့ sehun က မျက်တွင်းတွေလဲကျနေခဲ့ပြီဖြစ်သလို ပြည့်ပြည့်ဖြိုးဖြိုးစိုစိုပြေပြေနဲ့ လိုချင်စရာ ခန္တာကိုယ်မဟုတ်တော့ဘူး..
Jongin တစ်ယောက်ကသာ သူ့ကို မြတ်မြတ်နိုးနိုးနဲ့ လိုအပ်နေသေးတာမို့ sehun အရမ်းအသက်ရှင်ချင်တယ်..

ကလေးအတွက်..
သူတစ်သက်လုံး မထီမဲ့မြင်ပြုမိနေခဲ့တဲ့ အချစ်တွေကြောင့် ဘုရားသခင်က ဆုတောင်းတွေကို ဥပေက္ခာပြုလိုက်မှာ sehun အရမ်းကြောက်တယ်..

Oh Sehun အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်က
Kim Jongin ဖြစ်တာမို့ သေချာပေါက် ရှင်သန်ချင်တယ်..
ကျေးဇူးပြုပြီး.. ဒီနှလုံးသား တစ်စုံကို လျစ်လျူမရှုလိုက်ပါနဲ့ ဘုရားသခင်..

----------

Update အရင်လောက်မကြာတော့ပါဖူးနော်..
ခွဲရတော့မှာမို့ စိတ်မကောင်းပေမယ့် ဇာတ်သိမ်းပါတော့မယ်ရှင်..

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now