Sehun စာရင်းတွေလုပ်ပြီး အောက်ထပ်ကိုဆင်းလာတော့
ခါတိုင်းလိူ ဧည့်ခန်းမှာ TV ကြည့်နေတတ်တဲ့ ကောင်လေးကို မတွေ့ရ...
တိုင်ကပ်နာရီကို လှမ်းကြည့်တော့
ည ၉ နာရီခွဲဘဲရှိသေးသည်...
ဒီအချိန် အဲ့ဒီကောင်လေးက မအိပ်တတ်ပါဘဲနဲ့...
" Sehun .... Nini လေးရော
ဒီမှာ သူကြည့်နေကြ စုံထောက် series လာနေပြီ"
TV ရှေ့က မမကြီးက Sehun ကိုမြင်တော့ Jongin ကိုလှမ်းမေးတယ်....
" မသိဘူးလေ... ကျနော်က စာကြည့်ခန်းထဲက ထွက်လာတာ.. မမနဲ့ အတူရှိနေတာမဟုတ်ဘူးလား..."
Sehun စကားကြောင့် မမကြီးက ခေါင်းခါပြကာ...
" ညနေကတည်းက ထမင်းလည်းနည်းနည်းဘဲစားတယ်..ပြီးတော့ အပေါ်တက်သွားတာ ပြန်ဆင်းမလာဘူး...
Sehun မင်းသူ့ကို ဆူထားသေးလား... !"
မမစကားကြောင့် Sehun ညနေကျောင်းသွားကြိုတုန်းက အဖြစ်ကို သတိရသည်....
မမကို ထိူကိစ္စမပြောရသေး...
ပြောမယ်စဉ်းစားပေမယ့် လောလောဆယ် အပေါ်မှာရှိနေမယ့် ကောင်လေးဆီ အရင်သွားမယ်စဉ်းစားလိုက်ကာ အပေါ်ထပ်ကို တက်လာလိုက်သည်....
အောက်ထပ်မှာ TV ဆင်းမကြည့်တာမို့ အိပ်ခန်းထဲက TV ကိုပွင့်လျှက်သားမြင်ရမယ်လို့ Sehun ထင်ပေမယ့် လင်းထိန်နေတဲ့ အခန်းကြီးထဲက မွေးပွကော်ဇောကြီးပေါ်မှာ ကျောင်းစာအူပ်တွေနဲ့ အလူပ်ရှုပ်နေတဲ့ကောင်လေးကို မြင်လိုက်ရတာမို့ အံ့သြသွားမိတယ်....
" Jongin .... "
"ဗျာ.... ဦး!!"
အနားသွားကာ Sehun ခေါ်လိုက်တော့ အလန့်တကြားလှည့်ကြည့်လာတဲ့ ကောင်လေးမျက်ဝန်းမို့မို့တွေက ငိုထားသလိုပင်....
"စာလုပ်နေတာလား...!"
ဘေးနားက sofa မှာ Sehun ဝင်ထိုင်လိုက်ကာမေးလိုက်တော့ စာအူပ်တွေ ဘောပင်တွေကို လွယ်အိတ်ထဲ ကမန်းကတန်းထည့်နေသည့် Jongin က...
" ဟုတ်...ပြီးပြီ .... မျက်နှာသစ်ပြီး အိပ်တော့မှာ..."
မျက်နှာငယ်လေးနဲ့ ရွှင်ရွှင်ပြပြမရှိတဲ့ Jongin ကြောင့်
YOU ARE READING
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........