မိူးရွာထဲကို လမ်းလျှောက်ပြန်ချင်ပေမယ့်
လာကြိုတဲ့ ဦးလေးဂျောင်ကို အားနာတာမို့ ကားပေါ်တက်ကာ ထိုင်လိုက်ရင်း Jongin. နားထဲကို နားကြပ်ထည့်ထားလိုက်ကာ လမ်းဘေးဝဲယာကိုသာကြည့်ရင်း ပြန်လာခဲ့လိုက်သည်...
ထီးတစ်ချောင်းအောက်မှာ အတူတူသွားနေတဲ့ အတွဲတွေမိုးရေတွေထဲမှာ ဘောလုံးကန်နေကြတဲ့သူတွေ ပလက်ဖောင်းထက်မှာ အပြေးအလွားနဲ့ မိုးလွတ်ရာကို ပြေးနေကြတဲ့ သူတွေကို ကြည့်နေမိပေမယ့် Jongin ဘာမှ မခံစားရ....
စပ်စပ်စုစုနဲ့ ရှာဖွေဖြစ်ခဲ့သော ဦးရဲ့ ဒိုင်ယာရီနောက်ဆူံးစာမျက်နှာက ဓာတ်ပူံတစ်ပူံ နဲ့ ယိုင်နဲ့နဲ့ အင်္ဂလိပ်စာလုံးတွေကသာ အာရုံထဲမှာအပြည့်....
ဂျူတီကုတ်ဝတ်ထားတဲ့ လူ၂ယောက်ရဲ့ လိုက်ဖက်ညီခြင်းတွေကိုလည်း Jongin မတွေးချင်ပါ....
ဒါ့အပြင် A.S ( လက်ထောက်ဆရာဝန် ) ဖြစ်မှ ဆေးရုံကနေ ထွက်ပြီး စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ဦး...
Jongin နားမလည်ခဲ့တဲ့ ထိုသို့သောဦးရဲ့ လုပ်ရက်အတွက် အကြောင်းပြချက်က Emma လို့ nick name ရတဲ့ အမတစ်ယောက်ကြောင့်တဲ့လား ဦးရယ်...
တကယ်မတရားဘူးဘဲ ဦး....
နားစည်ထဲကို ခပ်ကျယ်ကျယ်ရိုက်ခတ်လာတဲ့ winner ရဲ့
Empty သီချင်းကြောင့် Jongin နှုတ်ခမ်းကို အသာလေးမဲ့ပြုံးပြုံးမိသည်...
တကယ်ကို နေရထိုင်ရတာ အဓိပ္ပါယ်မဲ့နေခဲ့သလိုဘဲ...
ရေငွေ့ရိုက်နေတဲ့ ကားမှန်ထက်က Jongin မျက်နှာဟာ တစ်ကယ်ကို အသက်မဲ့နေခဲ့တယ်....
ငွေ့ရေဖွဲ့နေတဲ့ မျက်ဝန်းငယ်၂ခုသာ မပါခဲ့ရင်ပေါ့လေ...
သိပ်အထီးကျန်တယ်လို့ ခံစားမိရင်း Jongin တိတ်ဆိတ်စွာနဲ့ဘဲ အိမ်ကို ပြန်လာခဲ့တယ်....
~~~~~~•~~~~~~
" Sehun .... ဟိူမှာ မင်းရဲ့ ဘေဘီလေး ပြန်လာပြီ သွားသွား... လာမကြိူလို့ စိတ်ကောက်နေဦးမယ်..."
ဆင်ဝင်အောက်မှာရပ်လိုက်တဲ့ ကားပေါ်ကနေ ခြေချလိုက်တာနဲ့ Jongin နားထဲကို အချိူးမကျစွာ လွင့်ပျံလာတဲ့ အသံတွေဟာ ခြံထဲက မြက်ခင်းစိမ်းပေါ်မှာ ခုံတွေ အကျအနနဲ့ ဝိုင်းဖွဲ့ရင်း ပွဲကျနေကြတဲ့သူတွေဆီက...
YOU ARE READING
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........