" yahhh.... hansol ...
မင်းဘာလုပ်နေတာလဲ ဒီမှာ ငါသေတော့မယ်...!!"Computer ထဲကို တစ်ကိုယ်လုံးဝင်တော့မတတ်
နှိပ်နေတဲ့ Jongin ဘေးနားက hansol ကို
အော်လိုက်သေးသည်...နောက်ဆူံးအချိန် အတန်းတစ်တန်းက လစ်လို့ရတာမို့
ကျောင်းရဲ့ ၂ လမ်းကျော်က game ဆိုင်မှာ game လာဆော့နေတဲ့ Jongin...ဆိုင်ကို မလာတာ တစ်လလောက်ပင်ကြာနေပြီမို့
တွေ့နေကြဘော်ဒါတွေက ဝိုင်းမေးတာကိုခံလိုက်ရသေးသည်...ဟိုအကြောင်းပြသည်အကြောင်းပြနဲ့ ရွှီးလိုက်ရပေမယ့်
တကယ်က မင်္ဂလာပွဲကြောင့် အလုပ်ရှုပ်နေတာရယ်
ဦးကြောင့် လစ်ထွက်လို့မရတာရယ်ကြောင့်သာ game ဆိုင်ဘက်ကို ခြေဦးမလှည့်ဖြစ်တာ....နောက်ဆုံးပွဲမို့ အပြည့်အဝ ဈာန်ဝင်နေတဲ့ Jongin တစ်ယောက် လွယ်အိတ်ထဲက ဖုန်းဆီဝင်လာတဲ့ message ကို
ထုတ်ကြည့်ဖို့ နည်းနည်းလေးမှ သတိမရလိုက်ပါချေ...From ~~ ဦး...
Jongin ... ညနေအပြန်ကို ကိုယ်ကျောင်းဝင်ကြိုမယ်...
Jongin ကို ညစာလိုက်ကျွေးမယ်....Seen လည်းမဖြစ် ဘာ message မှလည်း ပြန်မလာတဲ့
ဖုန်းကို Sehun စားပွဲပေါ်ပြန်တင်လိုက်သည်....အွန်းး...ဒီကောင်လေးစာသင်နေရလို့ နေမှာပါလေ...
လက်မှတ်ထိုးဖို့ pen ကိုကောက်ကိုင်လိုက်ပြီး
စာရွက်ကို လှန်လိုက်တော့ လက်က လက်ထပ်လက်စွပ်လေးကို သတိတရနဲ့ ကြည့်ဖြစ်သည်...Sehun လက်ထပ်ပြီးတာ တစ်လတောင် ပြည့်တော့မှာဘဲ...
အိမ်ထောင်သည်ဖြစ်သွားတာကို မယုံနိုင်သေးပေမယ့်
Sehun အရိပ်အောက်ကိုတော့ ထိုကလေးလေးက ရောက်လာခဲ့ပြီ...တစ်စုံတစ်ယောက်ထွက်သွားတဲ့နောက်မှာ အိမ်ထောင်ပြုဖို့
စိတ်ကူးစိတ်သန်းတွေမရှိတော့သော်ငြား တစ်သက်လုံး
ညီလေးလို သဘောထားရမည်ထင်ထားတဲ့ ကောင်ကလေးက လူပုံအလယ်ပွဲထုတ်ရမယ့် ခင်ပွန်းလေးပါတဲ့....တစ်ချို့လူတွေကတော့ ငယ်ငယ်လေးကို ရထားလို့
အားကျသလိုရှိကြပေမယ့် Sehun အတွက် က
ဆယ်နှစ်ကျော်ကွာတဲ့ ကလေးတစ်ယောက် ကောက်ရသလို
ပါဘဲလေ.....
YOU ARE READING
| ဦး | Zawgyi + Unicode [ Completed ]
Fanfictionဦးက ........ က်ေနာ့္ကို ........ မခ်စ္ဘူး......... ဦးက ..... ကျနော့်ကို ....... မချစ်ဘူး .........