အပိုင်း - ၁၃ ( Unicode )

884 91 5
                                    


Jongin ကျိန်းစက်နေတဲ့ မျက်လူံးတွေကို ဖွင့်ကြည့်တော့

ရင်းနှီးနေတဲ့ အခန်းကြောင့် ကိုယ့်အခန်းထဲမှာဆိုတာ သိလိုက်တယ်.....

ကုတင်ဘေးစွန်းမှာ လက်ပေါ်မှောက်ရက် အိပ်နေတဲ့ လူတစ်ယောက်ကို မြင်တဲ့အခါ Jongin မျက်ရည်တွေ ဝိုင်းလာရသည်....

ဘာလို့လဲ ခင်ဗျားရယ်....

လုပ်ချင်သလိူတွေလုပ် ဖြစ်ချင်သလိုတွေ ဖြစ်ပြီးတော့မှ ဒါတွေက ဘာသဘောလဲ....

ကျနော့် အိမ်မက်တွေကို ရိုက်ချိူးခဲ့တာ ခင်ဗျား ကိုယ်တိုင်ဘဲ

Sehun .....

ကုတင်တစ်ဖက်ကနေ အသာဆင်းလိုက်ပေမယ့် အအိပ်ဆတ်တဲ့ sehun က ခေါင်းထောင်လာတယ်....

မနေ့က suite နဲ့မဟုတ်ဘဲ Jongin ရဲ့ T shirt တစ်ထည်နဲ့ ဦးက သိပ်ကို ပေါ့ပါးလွန်းနေသလားလို့လေ...

အရင်က သိပ်မကွာတဲ့ size ကြောင့် ဦးရဲ့ underwear ကအစ Jongin ယူဝတ်ဖူးပေမယ့် အခုတော့ မနှစ်သက်မိတော့.....

နာလွန်းလို့များ ဦးကို ချစ်တဲ့ အချစ်တွေ သေသွားသလားလေ...

" ကိူယ်ပူနေသေးလား.."

အနားက ရေဇလူံတွေကို ကျော်ခွပြီး Jongin အနားကို ရောက်လာတဲ့ sehun က အိမ်ပြန်ချိန်တွေလွန်နေတာကို မပူတော့တတ်ဘူးလား...

ဘုတ်သိုက်ဖြစ်နေတဲ့ jongin ဆံပင်ခပ်ရှည်ရှညိတွေကို sehun က သူ့ရဲ့လက်သွယ်သွယ်တွေနဲ့ သပ်ရပ်သွားအောင် ပြုပြင်ပေးရင်း....

" ဒီနေ့ ကျောင်းသွားအပ်ရအောင်နော်.."

ကလေးချော့သလို လာချော့နေတဲ့ မျက်စိရှေ့က sehun ကို Jongin စိတ်ပျက်သလိုကြည့်လိုက်ပြီး ကုတင်ခြေရင်း ဗီရိုအံဆွဲကို သွားဖွင့်လိုက်သည်....

" ဘယ်မှာလဲ...!! ဒီထဲက ကျနော့် ဆေးလိပ်တွေ ဘယ်မှာလဲ...!!"

ဒါဇင်ပေါင်းများစွာ jongin ဝယ်ထည့်ထားခဲ့တဲ့ ဆေးလိပ်တွေက အခု အစအနပင်မမြင်ရ...

" ကိုယ်ပစ်လိုက်ပြီ Jongin..."

Jongin ဒေါသထွက်စွာနဲ့ Sehun ရဲ့ ပုခူံးတစ်ဖက်ကို အားနဲ့ တွန်းလိုက်ကာ ...

| ဦး | Zawgyi + Unicode  [ Completed ] Where stories live. Discover now