ချစ်ခြင်းမဲ့အမုန်းသစ္စာ(part69)

Start from the beginning
                                    

''မပြောဘူးဆိုရင်ရော''

''အိုကေလေမင်းဆရာနာမည်ကဦးရွှေအောင်မင်းမဟုတ်လား.''ထိူလူ့မျက်နှာမှာကြောက်ရွံခြင်းအရိပ်ယောင်ဖြတ်ပြေးသွားလေသည်။

''တို့သိလို့အံ့သြနေတာလား..မအံ့သြပါနဲ့တို့မသိတာမရှိဘူး.ဇေရာမင်း...ဟက်!!!ဦးရွှေအောင်မင်းအားကိူးရတဲ့လူယုံဆိုတာဒါလား..အလကားပါလား...မင်းတို့သခင်ကြီးကလူကဲခတ်ညံ့တယ်နော်ကြည့်ရတာသူလည်းအသက်ကြီးလာတော့မျက်လုံးမကောင်းဘူးထင်ပါ့''

''ခဗျားသခင်ကြီးကိုပြောစရာမလိုဘူး...''

ခွပ်!!!

''ပြောစမ်းပါအုန်းဦးရွှေအောင်မင်းမင်းကိုဘာတွေများခိုင်းထားခဲ့တာလဲ''

''ဘာလို့ပြောရမှာလဲမပြောဘူးကွ...''

''မပြောဘူးပေါ့...ဖြောင့်''

လက်ဖြောင့်တစ်ချက်တီးလိုက်သည်နှင့်ဘေးနားကအစောင့်၂ယောက်ကကြိုးတစ်ချောင်းနဲ့ထိုလူ့လည်ပင်ရစ်ပတ်ကာလည်ပင်းညှစ်သတ်လေသည်။

''ပြောမှာလား...''

ခေါင်းငြိမ်းပြသည်မို့
''အာ့''မစ်လန်မန်ကတပည့်ဖြစ်သူအားလွှတ်ပေးရန်ပြောလိုက်သည်။

''လွှတ်ပေးလိုက်...''

''အဟွတ်ဟွတ်...သခင်ကြီးကကျနော့်ကိုဇိုင်းရဲ့အကြောင်းတွေကိုနောက်ယောင်ခံလိုက်ခိုင်းတာပါ..ဇိုင်းအခုဘာတွေလုပ်နေတာလဲသူသိချင်တဲ့အတွက်ကြောင့်ပါမစ်လန်''

''ဒါဆိုငါ့သားလေးကိုနောက်ယောင်ခံလိုက်ပြီးရှင်းပစ်ဖို့အတွက်လား''

''ဟုတ်...ဟုတ်ပါတယ်သခင်ကြီးကတော်၀င်မျိုးရိုးတွေကိုအရမ်းမုန်းတီးတော့..အကုန်လုံးကိုသတ်ပစ်ဖို့အတွက်စီစဥ်ထားတာ..အခုဇိုင်းကိုလည်းသူသတ်ဖို့စီစဥ်နေတာပါမစ်လန်''

''ရပြီဒီလောက်ဆို..အခုအဲကောင်ဘယ်မှာလဲ''

''သခင်ကြီးကအခုနယ်စပ်မှာအရောင်း၀ယ်လုပ်နေပါမယ်''

''မူးယစ်ဆေး၀ါးတွေမဟုတ်လား''

''ဗျာ..မစ်လန်ဘယ်လိုသိတာလဲ''

''ငါထင်တော့ထင်တာဘဲ..နယ်စပ်မှာမူးရစ်ဆေးရောင်းရဲတာမင်းတို့ကောင်တွေဘဲရှိမယ်ဆိုတာငါသိတယ်...''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now