part-29(unicode)

313 9 0
                                    

Hello!daily upပေးပါမယ်လို့ပြောခဲ့ပြီး ကတိမတည်နိုင်တဲ့အတွက်တောင်းပန်ပါတယ်နော်။ကျွန်တော်တို့ဘက်က အင်တာနက်လိုင်းတွေဖြတ်ထားလို့ပါ။အရင်နေ့ကမတင်ရတာတွေအတွက် အကြွေးစုပြီးတော့ တင်ပေးလိုက်ပါတယ်။နည်းနည်းတော့လိုနေမှာပေါ့🤭 တစ်ပိုင်းနဲ့တစ်ပိုင်းကိုကျော်မဖတ်ဖို့ တောင်းဆိုပါတယ်နော်။အဲဒါမှဇာတ်ရည်လည်မှာမို့ပါ။

••••••••

ွ"ကို "

"ဟင်မှူး ဘာပြောမလို့လဲပြောလေ"

"ကိုလို့..."

"ပြောလေကိုယ်နားထောင်နေပါတယ် မှူးရဲ့"

လူကသာနားထောင်နေတယ်ပြောနေတာ။မှူးဘက်ကိုခုချိန်ထိ လှည့်ကြည့်မလာသေးသည့်ခင်ပွန်းဖြစ်သူကြောင့် ချစ်မှူးစိတ်တိုလာရသည်။တစ်မနက်ခင်းလုံး စာရွက်တွေကြား ခေါင်းစိုက်နေသည်မှာ ခုချိန်ထိခေါင်းဖော်မလာသေး။ဒီနေ့ကဆေးခန်းပိတ်ရက်မို့ လိုင်းလေး၏အုတ်ဂူဆီသွားရင်း စိုင်းထက်နောင်လေးဆီကိုအလည်သွားဖို့ပြောနေတာကို အခုချိန်ထိ ကြားပုံမရ။

ပုံမန်အားဖြင့်တနဂင်္ နွေကိုသာ ပိတ်ရက်အဖြစ်အများဆုံးသုံးကြသော်လည်း ချစ်မှူးကတော့ဗုဒ္ဓဟူးကိုသာပိတ်ရက်အဖြစ်အသုံးပြုသည်။ခုချိန်ဆိုလျှင် နွန်စိုင်းထက်နောင်လေးက ကျောင်းတွင်သာရှိအုံးမည်။ထို​ကြောင့်လိုင်းလေးဆီသွားပြီးမှသာ နောင်လေးဆီသွားရမည်ဟု အစီအစဥ်ချထားသည့် ချစ်မှူးမှာ အလုပ်ထဲစျာန်ဝင်နေသူကြောင့် ဒေါသတို့က ငယ်ထိပ်သို့...။

"ဘုန်းကိုကို မှူးစိတ်တိုလာပြီနော် တစ်ပတ်မှာ ပိတ်ရက်လေးတစ်ရက်ရှိလို့ စိုင်းထက်နောင်လေးဆီကိုအလည်သွားရအောင်ပြောနေတာကို အဲ့အလုပ်တွေကအခုထိမပြီးနိုင်သေးဘူးလား"

ထိုအခါမှ စာရွက်ပုံတွေကြားကနေမော့ကြည့်လာသည့်သူ။မျက်နှာကိုတော့ အချိုသာဆုံးဖြစ်အောင်ဖန်တီးထားသေးသည်။ဒီအလုပ်ကအန္တရာယ်များလို့မလုပ်ပါနဲ့လို့ပြောတာလည်းမရ။ဝါသနာပါလို့သာ ခွင့်ပြထားရတာ။ဒီမိန်းမကသူ့ကိုအရမ်းစိတ်ချနေတယ်ထင်နေလားမသိ။

Love me vampireWhere stories live. Discover now