part-48(unicode)

115 3 0
                                    

ပြင်ပမှ ခြေသံတ​ဖြတ်ဖြတ်ကြောင့် မှိတ်နေသည့် မျက်လုံးအစုံဟာ ပွင့်လာရ၏။ သူဤ​ရေ၌ ရောက်နေသည်ပင် ယ​ေန့နှင့်ဆိုလျှင် နှစ်ရက်ခန့်ပင်ရှိနေပြီဖြစ်သည်။ အဖမ်းခံထားရသည်ဆိုသော်ငြားလည်း ရောက်သည့်နေ့ကတည်းက စားကောင်းသောက်ဖွယ်များကိုသာကျွေးပြီး အိပ်သည့်နေရာကလည်း အိစက်နေသည့် မွေ့ယာဖြင့်သာ။ သို့ပေမယ့် ထိုအရာတွေသည် သူမလိုအပ်သော အရာတွေပင် ဖြစ်ချေသည်။

ကျွီး~~~~။

သံချေးတက်နေသည့်တံခါးအား ဖွင့်ကာဝင်လာသည့် အရိပ်မည်းမည်းတစ်ခု။ ထိုအရိပ်မည်းမည်းသည် အနားသို့ တိုးကပ်လာသည်နှင့် ကုတင်ပေါ်၌ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

တစ်လှမ်း....။
နှစ်လှမ်း.......။
သုံလှမ်း.......။

ဖြောင်း! ဖောင်း! ဝုန်း!

ထိုအရိပ်မည်း ကုတင်နားရောက်လာသည့်အခါ ကျယ်လောင်လောင်အသံသုံးသံဟာ ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လို့လာ၏။

"အား....!!!"

နာကျင်လွန်း၍ အော်ဟစ်လိုက်သည့် အသံသည် အခန်းတွင်း ပျံ့နှံ့လို့သွားလေ၏။ ကုတင်နားရောက်လာသည့် အရိပ်အား လက်ထဲတင်းကြပ်စွာဆုပ်ကိုင်ထားသည့် ဓားမြှောင်ဖြင့်ထိုးရန်အပြု ထိုအရိပ်သည် လက်ကိုလျင်မြန်စွာ လိမ်ချိုးလိုက်နိုင်ပြီး ဆောင့တွန်းလိုက်သဖြင့် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားရလေသည်။ ဒေါသမျက်လုံးတို့နှင့် မော့ကြည့်လိုက်တော့ လောင်ရိပ်သန်းနေသော မျက်နှာနှင့်ဆုံ၏။

"နဂ္ဂရွန်"

သူခပ်တိုးတိုးရေရွတ်လိုက်မိသည်။

"Hi....ခင်ဗျားကိုဒီလိုပုံစံနဲ့ ပြန်တွေ့ရတာ စိတ်တော့မကောင်းဘူး။ ထွက်ပြေးနေတဲ့အချိန်အတွင်း တိုက်ခိုက်ရေးကို နည်းနည်းဖြစ်ဖြစ် ပိုတိုးတက်အောင်တော့ လုပ်ခဲ့သင့်တယ်...။ခင်ဗျားရဲ့ဒီပုံစံက....ကျစ်!မာဖီးယားလောကကို အရှက်ရစေတယ်ဆိုတာသိလား"

"မင်းကဘာကောင်မို့လဲ...ဟမ်!"

ပြောလာသည့်မျက်နှာပေးအား ရီဝေနိုင်သဘောမကျမိ။ တစ်ကယ်ဆိုရင် အဲ့ဒီကောင်သာ ရောက်မလာခဲ့ရင် သူမြတ်နိုးရတဲ့ပန်းကလေးက သူ့လက်ထဲကြွေကျတော့မှာ။ နဂ္ဂရွန်ဆိုတာ သူ့အတွက်တော့ အဖျက်သမားတစ်ယောက်ပင်။

Love me vampireWhere stories live. Discover now