part-13(unicode)

366 14 2
                                    


privateဆေးရုံကြီးတစ်ခု၏ ICUခန်းထဲတွင်မေ့မျောနေသည့်19နှစ်အရွယ်ကောင်လေးတစ်ယောက်။သတိမလစ်ခင်အချိန်ထိ တောင်းပန်ပါတယ်ဆိုသည့်စကားကိုသာအထပ်ထပ်အခါခါဆိုသွားသည့်သူ။bladeရဲ့ရည်ရွယ်ချက်က ရောက်လာတဲ့ကွန်တိန်နာတွေမဟုတ်ဘဲ အိုင်ယန်လိုင်းကိုဖြစ်နေသည်။

အကယ်၍သူသာမနေ့က အိုင်ယန်လိုင်းကိုအိမ်ရောက်အောင်သေချာပို့ပြီးမှ ဆိပ်ကမ်းကိုသွားခဲ့မယ်ဆိုရင် ခလွန်းနိုင်ရောအိုင်ယန်လိုင်းပါ ဒီလိုဖြစ်စရာအကြောင်းမရှိ။နဂ္ဂရွန်သက်ပျင်းကိုသာနာနာချမိရင်း မျက်နှာပြင်တစ်ခုလုံးအားလက်ဖဝါးတွေနှင့်ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်မိသည်။

ခုချိန်ဆိုရင် ပျော့ည့ံလွန်းတဲ့အိုင်ယန်လိုင်းတစ်ယောက်ငိုလို့ပဲနေမလား။ဒါမှမဟုတ် တစ်ခုခုများဖြစ်နေပြီလားဆိုသည့် စိတ်ကသူ့ရင်တစ်ခုလုံးကိုစုတ်ပြတ်သွားစေဖို့လုံလောက်တယ်ဆိုတာဘယ်သူကများသိမှာတဲ့လဲ။ဆေးရုံကိုရောက်လာကြသည့်နွန်တို့သည်လည်း ခလွန်းနိုင်အတွက်စိတ်မကောင်းကြ။

ွအခန်း​ပြင်တွင်ထိုင်နေသည့်ဂျွိုင်းဟာလည်း မျက်နှာမကောင်း။ဘယ်လိုပဲကြည့်မရဘူးလို့်ပြောနေပေမယ့် ခလွန်းနိုင်အပေါ်မှာသံယောဇဥ်ရှိတယ်ဆိုတာ ဘေးလူတွေအကုန်သိပါသည်။တစ်ချက်တစ်ချက်မျက်ရည်တွေပါခိုးသုတ်နေသည့်ဂျွိုင်းဟာ ထိုကောင်လေးကိုဘယ်လောက်တောင်စိုးရိမ်နေရှာမလဲဆိုတာ ခံစားမိသည်။

"ဂျွိုင်း"

"ကိုရွန် ဘာခိုင်းစရာရှိလို့လဲ"

"သူ့ကိုအဲ့လောက်တောင်စိုးရိမ်နေတာလား"

"....."

"ကျုပ်နားလည်ပါတယ် အကယ်၍ကျုပ်မရှိတော့ရင် သူ့ကိုစောင့်ရှောက်ပေးမလား"

"ကိုရွန်!! ဘာတွေပြောနေတာလဲ ကိုရွန်ကဘာလို့မရှိရမှာလဲ"

"အကယ်၍ပြောတာပါ... သူကခင်ဗျားကိုတော့သိပ်ခင်တွယ်ရှာတာသိတယ်မလားပြီးတော့..."

"ကျွန်တော်သိပါတယ် "

"သူ့အနားမှာနေပေးပါ ကျုပ်လုပ်စရာတွေရှိသေးလို့ ပြန်တော့မယ် သူသတိရလာရင်ဖုန်းဆက်လိုက်"

Love me vampireWhere stories live. Discover now