part-26(unicode)

193 11 2
                                    


ကိုမောင်တင့်ထူးခေါ်ထားပေးသည့် ကောင်လေးငါးယောက်အားကြည့်ရင်း ဟိုလူကိုမောင်တင့်ထူးအား မေတ္တာပို့မိသည်။ခေါ်လာတဲ့ကောင်လေးတွေက ခန္ဓာကိုယ်သေးကွေးနေယုံကလွဲ၍ သူလိုချင်တဲ့ပုံစံမျိုးမဟုတ်။အင်းလေ ပုံဝါးလေးတစ်ပုံတည်းနဲ့တော့ သူလိုချင်တဲ့သူကိုဘယ်လိုရှာတွေ့နိုင်ပါ့မလဲ။သူကိုကလျှာရှည်ပြီးခိုင်းခဲ့မိတာ။လက်တစ်ချက်ဝေ့ပြလိုက်ပြီး ငါးယောက်လုံးအား အခန်းထဲမှထွက်သွားစေလိုက်သည်။

နောက်ထပ်ရှာခိုင်းရန်လည်း စကားမစချင်တော့။နောက်ထပ်ရောက်လာမည့်သူကလည်း သူလိုချင်တဲ့ပုံစံတွေဟုတ်မနေမည်မှာကျိန်းသေနေ၏။နားထင်အားဖိနှိပ်ရင်းဖြင့်ဆုံလည်ခုံအားလှည့်လိုက်ပြီး နံရံတွင်ချိတ်ဆွဲထားသည့် အနီရောင်အမှုန်အမွှားလေးတွေနှင့်တောက်ပနေသည့် အနီရောင်လီလီပန်းတစ်ပွင့်တည်းသာ ရှိသည့်ပန်းချီကားတစ်ချပ်အား ရွန်အကြောင်းမဲ့ငေးကြည့်နေမိသည်။

မှန်ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်တိုက်ခတ်လာသည့်လေကြောင့် စားပွဲခုံရှိတွဲယူထားခြင်းမရှိသည့်စာရွက်စာတမ်းတွေဟာ လွင့်ခနဲ။ရွန်သည်စားပွဲခုံဘက်သို့ပြန်လှည့်လာခဲ့လိုက်ပြီးခုံမှထကာ ကျသွားသည့်စာရွက်တွေအားမုဆိုးဒူးထောက်ချရင်း ကောက်လိုက်သည်။

ဒေါက်! ဒေါက်!ဒေါက်!

တိတ်ဆိတ်နေသည့်ရွန်၏ရုံးခန်းလေးထဲ၌ ထွက်ပေါ်လာသည့် ဖိနပ်သံ။ထိုဖိနပ်သံနှင့်တစ်ဆက်တည်း ရွန်၏ဒေါသကလည်းထောင်းခနဲပင်။ဒီအချိန်အခန်းထဲဝင်လာမည့်သူမှာ ကိုမောင်တင့်ထူးတစ်ယောက်သာရှိသည်။ သူ့ရုံးခန်းထဲဝင်လာရင် တံခါးခေါက်ဖို့မှာထားသည်ကို မခေါက်ဘဲဝင်လာသည့်ထိုလူအား ရွန်ဒေါသဖြစ်မိသည်။စာရွက်စာတမ်းတွေအား စုကိုင်လိုက်ပြီး ကြမ်းပြင်ပေါ်တစ်ချက်စုဆောင့်ချလိုက်ပြီး မတ်တပ်ရပ်လိုက်ရင်း

"ကိုမောင်တင်ထူး ခင်ဗျားကို အခန်းထဲဝင်လာရင်တံခါး...."

မော့ကြည့်လိုက်ပြီး ဆက်ပြောမည့်စကားတွေဟာ လေထဲ၌ရပ်တန့်သွားရသည်။ထိုလူဟာကိုမောင်တင့်ထူးမဟုတ်ဘဲ တစ်ခြားတစ်ယောက်ဖြစ်နေသောကြောင့်။ဘယ်သူလဲဆိုသည့်အကြည့်ဖြင့် မျက်မှောင်ကြုတ်ကာကြည့်မိတော့ ထိုလူကနှုတ်ခမ်းတွန့်ရုံပြုံးပြလာပြီး သူ၏ဖြူသွယ်သွယ်လက်ချောင်းတို့အား ရှေ့သို့ထုတ်ကာ

Love me vampireWhere stories live. Discover now