part-22(unicode)

610 26 7
                                    


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်.....

hoddieအနက်နှင့် jean pantsဒူးပြဲအားဝတ်ဆင်ထားပြီး မျက်မှန်အနက်၊maskအနက်အားတပ်ဆင်ထားပြီး လျှာထိုးဦးထုပ်အနက်ရောင်အားဆောင်းကာ luggageအားဆွဲကိုင်ရင်း ထွက်ပေါက်ရှိရာသို့​လျှောက်လှမ်းလာသည့်အမျိုးသားတစ်ယောက်။ထိုအမျိုးသားသည် ကင်မရာကိုယ်စီနှင့်မိုက်ကိုယ်စီကိုင်ထားကြသော သတင်းသမားအုပ်စုအား မသိချင်ယောင်ဆောင်ကာ ကျော်၍ထွက်လာခဲ့လိုက်သည်။

ထိုသူမှာ Foxဟူသောcar company ပိုင်ရှင်ဦးမြတ်နိုင်အောင်၏ မယားပါသားကြီးဖြစ်ခလသည်။ဦးမြတ်နိုင်အောင်မှာယခင်ကတည်းက အစိုးရတွင်အမှုထမ်းဆောင်ရင်းcompanyဘက်ကိုလည်း အုပ်ချုပ်ခဲ့ပြီး လုပ်ကြံခံရ၍ရာထူးမှထွက်သွားရသည်နှင့် companyဘက်ကိုသာ အားစိုက်ခဲ့သည်။ထိုရလာဒ်က နှစ်နှစ်ဆိုသောအချိန်အတောအတွင်းအလွန်ကိုအောင်မြင်လာခဲ့သည်။engine ပိုင်းရောbodyပိုင်းပါအမိုက်စားဖြစ်သည့် ပြည်တွင်းထုတ်ကားcompanyတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။

သားအကြီးဖြစ်သူသည် car showroomနှင့်ဆိုင်ကယ်သီးသန့်ထုတ်သည့် companyတစ်ခုကိုလည်းပိုင်ဆိုင်ထားသေးသည်။ရှည်လျားသောအမြင့်ရှိသည့် အရပ်အမောင်းနှင့်ထိုအမျိုးသားဟာ သူ၏မျက်နှာအား မီဒီယာထက်တွင် တစ်ကြိမ်တစ်ခါမျှမဖော်ပြဖူးပါလျက်နှင့် ပျိုမဒီတွေ၏စိတ်ဝင်စားခြင်းကို အထူးတလည်ခံနေရ၏။ထိုသူသည် တော်သည်။ထက်သည်။ဖော်ရွေတတ်သည်။သို့ပေသိ သူ့ကိုမလိမ့်တစ်ပတ်နှင့်ဖျံကျတတ်သောသူများကိုတော့ အားမနာတမ်းပြောဆိုတတ်သည်၏။ဝန်ထမ်းများကို ခဲွဲ​ြခာ​းခြင်းမရှိသော်ငြားလည်း အလုပ်နှင့်ပက်သတ်လျှင်မူ စိတ်ဆတ်တတ်သည်ဟူသော သတင်းများက ထိုသူ၏ဂုဏ်ပုဒ်တွေပင်။

ထိုအမျိုးသားသည် အနက်ရောင်bodyတွင် ခရမ်းရောင် အစင်းနှစ်ခုပါကာ Ronဟုရေးထိုးထားသည့် ကားထံသို့တန်းတန်းမတ်မတ်လျှောက်လာပြီး ကားနောက်ဖုံးကိုဖွင့်ကာ luggageကိုထည့်လိုက်သည်။ပြီးမှ ကားနောက်ခန်းတံခါးကိုဖွင့်ကာ ကားထဲဝင်ထိုင်လိုက်ပြီး မျက်မှန်နှင့်maskတို့ကိုချွတ်လိုက်ပြီး ခေါင်းတွင်ဆောင်းထားသည် ဦးထုပ်ကိုပါချွတ်ချလိုက်သည်။

Love me vampireWhere stories live. Discover now