part-51(zawgyi)

24 0 0
                                    

ခလွန်းနိုင် ဆေးရုံတက်သည့်တစ်လျှောက်လုံး ဂျွိုင်းကသာ အနီးကပ်စောင့်ရှောက်ပေးဖြစ်ခဲ့သည်။ ဒေါ်အိမ့်နုက သွေးတိုးသမားဖြစ်ပြီး၊ ရွန်ကလည်း ကိုယ်ဝန်ဆောင်အိုင်ယန်လိုင်းကို စောင့်ရှောက်ရမည်မို့ ညတိုင်းမစောင့်ပေးနိုင်။ ထို့ကြောင့် ဂျွိုင်းကသာ ညအိပ်စောင့်ပေးရသူဖြစ်လာ၏။

ခလွန်းနိုင်သည်လည်း ထိုအရာကို အခွင့်ကောင်းယူကာ ဒရမ်မာများလည်းခင်းဖြစ်ခဲ့သေး၏။

"ဂျွိုင်း...ရှူးပေါက်ချင်လို့ အခန်းရှေ့ထိလိုက်ပိုပေး"

"ဂျွိုင်း...ဗိုက်ဆာတယ် ခွံ့ကျွေးပါဦး"

"ငါးနဲ့...ဟိုအရွက်လေးပါထည့်ပေး"

"ဂျွိုင်း...ရေဆာလို့"

"ဂျွိုင်း...အိပ်ချင်နေပြီ။ အနားကနေ ဘယ်မှမသွားနဲ့နော်"

"ဂျွိုင်း...ေခါင်မိုးထပ်ကိုသွားချင်တယ် လိုက်ပို့ပေး"

"ဂျွိုင်း...."

စသည့် စကားသံတွေက ဂျွိုင်းအတွက်တော့ မငြီးငွေ့နိုင်အောင်ပင်ရှိနေ၏။ ဥက္ကာကျော်ကိစ္စကို အဆုံးသတ်ပြီးခဲ့ပြီမို့ ရှေ့လျှောက် ဒီကောင်လေးကို လက်လွှတ်ဖို့မဖြစ်နိုင်တော့။ပြီးတော့ NOON1နှင့် စာချုပ်အရဆိုလျှင် ဒီတစ်ခေါက်ကိစ္စပြီးရင် နှုတ်ထွက်လို့ရနေပြီဖြစ်သည်။ ထို့ကြောင့် ဂျွိုင်းသည် NOON1သို့ နှုတ်ထွက်စာပင် ပို့ခဲ့ပြီးလေပြီ။

ပုံမှန်ဆိုလျှင် အဖွဲ့ထဲမှ ထွက်၍မရသော်လည်း ဂျွိုင်းသည် နှလုံးရောဂါအခံရှိသ 
ဖြင့် အဖွဲ့ထဲမှထွက်ခွင့်ရခဲ့သည် ။ မူးယစ်ဆေးများအား စမ်းသပ်ပြုလုပ်ခဲ့သည့် ဓာတ်ခွဲခန်းထဲ အစဉ်အမြဲ နေခဲ့ရသည့်ဆိုးကျိုးက ဂျွိုင်းအား နှလုံးရောဂါဖန်တီးပေးခဲ့သည်။ အဖွဲ့ထဲမှလည်း ထွက်ခဲ့ပြီးပြီဖြစ်၍ သူဆက်လုပ်ရမည့်အလုပ်က ခလွန်းနိုင်အား အနားတွင် ခေါ်ထားဖို့သာရှိတော့သည်။

ယနေ့သည် ခလွန်းနိုင် ဆေးရုံဆင်းမည့်နေ့ဖြစ်ကာ ဂျွိုင်းသည်လည်း ခလွန်းနိုင်အား ဖွင့်ပြောမည်ဟု သတ်မှတ်ထားသည့်နေ့ ဖြစ်လေသည်။ ထို့ကြောင့် ပစ္စည်များ သိမ်းပေးနေရင်းနှင့် စိတ်လှုပ်ရှားလျက်ရှိသည်။ သူပြောလိုက်ရင် ခလွန်းနိုင်က အရင်လို သူ့ကိုလက်မခံတော့ရင်ဆိုသည့် စိတ်ကြောင့်လည်း ခံရခက်နေသည်။

Love me vampireWhere stories live. Discover now