part-19(unicode)

343 13 9
                                    


တစ်ညလုံးအိပ်မက်ဆိုးတွေမက်နေသည့် လိုင်းလေးကိုစောင့်နေရသည်မို့ မြတ်ယန်နောက်သည်လည်း ယခုထိမအိပ်ရသေးချေ။ကိစ္စတွေဖြစ်ပျက်သွားခဲ့ပြီးနောက် မင်းမောင်တို့သုံးယောက်လုံးပြန်လာနိုင်ခဲ့ပေမယ့် ရွန်ကတော့အသိစိတ်လွတ်နေသည့်လိုင်းလေးကြောင့် သေဆုံးခဲ့ရသည်တဲ့။

ချစ်မှူးကလည်း ဝမ်းဗိုက်တွင်ဒဏ်ရာတစ်ခုနှင့်။အသက်ငွေ့ငွေ့လေးသာကျန်တော့သည့်ချစ်မှူးကို ဆေးရုံသို့ပို့ခဲ့ရသည်။ဘုန်းကိုကိုကလည်း အသက်ရှင်နေသေးသည်ဆိုသည့်ဖုန်းကို လက်ခံရသည်နှင့်ဆေးရုံကိုအပြေးအလွှားရောက်လာခဲ့သည်။ခြောက်နာရီကျော်ကြာအောင်ခွဲစိတ်၍အပြီးမှာတော့ ခွဲစိတ်မှုအောင်မြင်ခဲ့သော်လည်း ICUခန်းထဲတွင်မေ့မျောနေဆဲ။

အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့သည့်ရွန်ကိုဖက်ကာငိုနေသည့် နွန့်အားမနှစ်သိမ့်ပေးနိုင်သေး။လိုင်းလေးကဆက်ခံသူဆိုတာ သူတို့အားလုံးဘယ်သူမှမသိခဲ့တာအမှန်ပင်။ဒါကြောင့်လည်းရွန်က လိုင်းလေးကိုသူ့အနားမှာရှိနေခဲ့တာပေါ့။ရှုပ်ထွေးလွန်းသည်ဖြစ်ရပ်တွေအပြီးမှာ စိတ်ဒဏ်ရာကျန်ခဲ့မည်ကို မြတ်ယန်နောင်တွေးပူနေမိသည်။

ယခုသည်ပင် အိပ်မက်ဆိုးတွေမက်နေပြီမလား။

"ဟင့်အင်း...လိုင်းမသတ်ပါဘူး...လိုင်းဆီမလာပါနဲ့...ဟင့်!လိုင်းမသတ်ပါဘူး...မလာပါနဲ့...မလာခဲ့ပါနဲ့နော်....လိုင်းမသတ်ဘူးလို့..."

"လိုင်းလေး...လိုင်းလေးရေ သတိထားအုံးလေ...ဦးနောင်ရှိတယ်..ဦးနောင်ရှိတယ်နော်... ဦးနောင်အသံကိုကြားရလားဟင် လိုင်းလေး..."

ချွေးစေးတွေပြန်နေသည့်နဖူးပြင်အား သဘက်ဖြင့်သုတ်ပေးကာ ပါးပြင်အားအသာလှုပ်နိုးနေမိသည်။သို့သော် ခေါင်းကိုဘယ်ညာယမ်းကာ ခြေထောက်တွေ၊လက်တွေနဲ့ပါ ရုန်းကန်နေသည့် လိုင်းလေးဟာနိုးမလာသေးပေ။ရုန်းကန်နေသည့်လက်တွေက မြတ်ယန်နောင်၏ဆုပ်ကိုင်ထားမှုကြောင့် လှုပ်မရပေမယ့်ခြေထောက်တွေကတော့ ရုန်းကန်နေဆဲပင်။ဒီလိုပုံစံနှင့်တစ်ညလုံး ယောင်နေသည့်လိုင်းလေးဟာ ပင်ပန်းနေရော့မည်။

Love me vampireWhere stories live. Discover now