part-40(unicode)

142 6 0
                                    

Warning🔞

ဒူး~~ဒူး~~ဒူး~~

တစ်ဒူဒူမြည်နေသည့် ဖုန်းသံကြောင့် ဂျိုင်းတစ်ယောက်စိတ်မရှည်တော့။တစ်နေ့ခင်းလုံး ကျောင်းကိစ္စရောဆေးမှုကိုပါ လိုက်နေရပြီး ကိုးနာရီကျော်တော့ အိပ်ချင်နေတဲ့မျက်လုံးတွေက ဘယ်လိုမှထိန်းမရတော့၍ အိပ်ခဲ့ရသည်။အိပ်မောကျနေသည့်အချိန်မို့ ဝင်လာသည့်ဖုန်းအား ပစ်ပေါက်ချင်စိတ်တို့ကတဖွားဖွားပင်။မကိုင်ဘဲထားလိုက်တာလည်း မရ၊ဆက်တိုက်ခေါ်နေသဖြင့် မကိုင်၍လည်းမရတော့ပေ။ဒီလောက်ခေါ်နေပုံထောက်ရင် အရေးကြီးကိစ္စသာဖြစ်လောက်မည်။

ထို့ကြောင့် ညအိပ်မီးအိမ်ကိုဖွင့်လိုက်ပြီး ဖုန်းကိုယူကာကြည့်လိုက်တော့ contact nameမှတ်ထားခြင်းမရှိသည့် အဝင်ဖုန်း။

"ဟယ်လို ဘယ်သူလဲမသိဘူး ဝါးးး"

"ဟုတ်ကဲ့ဗျ ဒီဖုန်းပိုင်ရှင်က ဂျွိုင်းဆိုတာများလားခင်ဗျ"

"ဟုတ်ပါတယ် ကျွန်တော်ဂျွိုင်းပါ ဒါနဲ့ညကြီးသန်းခေါင် ဖုန်းဆက်ရတဲ့အကြောင်းက ဘာအရေးကြီးကိစ္စများရှိလို့လဲ"

"ဒီဖုန်းပိုင်ရှင်က ကျွန်တော်တို့barမှာ အရက်မူးပြီးသောင်းကျန်းနေလို့ပါ... အရေးပေါ်ဖုန်းခေါ်ဆိုမှုမှာ ဂျွိုင်းလို့မှတ်ထားတဲ့ နံပါတ်ကိုတွေ့လို့ခေါ်လို​က်ရတာပါ"

"အဲ့လိုတွေ့တိုင်း လိုက်ခေါ်နေရလား.. ဒါလူအိပ်ချိန်ရောက်နေပြီ.. ပြီးတော့အဲ့ဒီဖုန်းပိုင်ရှင်က ဘယ်သူမှန်းလည်း ကျွန်တော်သိတာမဟုတ်ဘူး"

"အာ အဲ့ဒီအစ်ကိုလေးက ကျွန်တော်တို့ရဲ့VIPတစ်ယောက်ပါ နာမည်က ခလွန်းဘာဆိုလားဗျာ"

"ဘာ!! အခုချက်ချင်းလာခဲ့မယ် ဘားနာမည်ကဘာလဲ"

"Dramoပါ"

ဂျွိုင်းအိပ်ချင်နေသည့် မျက်လုံးတွေကတောင် ဘယ်ရောက်လို့ဘယ်ပျောက်သွားမှန်းသိတော့။အိပ်ယာပေါ်မှအမြန်ထကာ အဝတ်လည်းမလဲနိုင်တော့ချေ။တီရှပ်နှင့်ချည်သားဘောင်းဘီအပေါ်မှ ဂျင်းဂျာကင်ကိုထပ်ဝတ်လိုက်ပြီး ဖုန်းနှင့်walletကိုယူကာ Dramo barသို့။

time skip>>>

barထဲကိုဝင်လာတော့ အပျက်အစီးတစ်ချို့ရှိနေသည့် ဝိုင်းတွေကိုကျော်ကာ ကောင်တာရှိရာသို့လာခဲ့လိုက်သည်။

Love me vampireWhere stories live. Discover now