part-36(unicode)

196 12 2
                                    

အေးစက်နေသော အခန်းကျယ်ကြီးတစ်ခုအတွင်း၌ နာကျင်မှုကြောင့် ညည်းနေသောလူတစ်ယောက် ။ထိုလူသည်မျက်လုံးအတွင်းမှ သွေးများထွက်ထားသဖြင့် ထိုသွေးတို့သည် အေးစက်နေသောအခန်းကြောင့် ခဲ၍ပင်နေလေပြီ။ထိုလူသည် ကားတိုင်၌ သူ၏လက်တစ်ဖက်စီအား သံဖြင့်ရိုက်သွင်းခြင်းခံထားရပြီး ေခြဖမိုးနှစ်ခုလုံး၌လည်း သံဖြင့်ရိုက်သွင်းခြင်းခံထားရ၏။

အေးစက်သောအခန်းဖြစ်လင့်ကစား သံဖြင့်ရိုက်သွင်းခြင်းခံထားရသည့် ထိုနေရာတို့က တစ်ဆစ်ဆစ်ကိုက်နေပြီး မျက်လုံးအတွင်းပိုင်းကလည်း နာကျင်လွန်းလှသည်။ထိုလူသည် ယခုလိုခံနေရမည့်အစား သူ့ကိုအသေသတ်ဖို့ကိုသာ တောင်းဆိုနေမိသည် ။သူဒီထဲကိုရောက်နေသည်မှာ အချိန်ဘယ်လောက်ပင် ရှိသွားပြီမသိ။

အမြင်အာရုံတွေမှောင်မိုက်နေသော်လည်း အခန်းထဲဝင်လာသည့် ခြေသံသဲ့သဲ့ကိုကြားလိုက်ရသည်။ထို့နောက် အခန်းအား အပူချိန်မြှင့်ရန်မှာကြားလိုက်သည့် အသံတို့ကိုလည်း ကြားနေရ၏။အနားသို့တိုးကပ်လာသည့်ခြေသံတို့ကို နားစွင့်လိုက်သည့်အခါ သူနှင့်မလှမ်းမကမ်း၌ ရပ်လိုက်ပြီးထိုင်ခုံဆွဲသံကိုကြားလိုက်ရလေသည်။ထို့နောက်..

"အသံတွေကိုလိုက်နားစွင့်နေပုံထောက်ရင် အခြေအနေကောင်းသေးတဲ့ပုံပဲ ဘယ်လိုလဲ နေသာထိုင်သာမှရှိရဲ့လား"

"မင်းဘယ်သူလဲ "

"ရီဝေနိုင်ရဲ့လူလို့ထင်ပြီး ခင်ဗျားနှိပ်စက်ခဲ့တဲ့လူရဲ့ပိုင်ရှင် တစ်နည်းအားဖြင့် အဲ့လူရဲ့လင်ပေါ့"

"ငါ့ကိုသတ်လိုက်တော့"

"ဟမ့်!"

ထိုလူ၏အသံတို့က တိတ်ဆိတ်နေသောအခန်းကျယ်ကြီးနှင့် ယှဥ်လျှင်တိုးလျနေ၏။ရွန်သည် ခုံပေါ်၌ခြေချိတ်ထိုင်နေပြီး လက်ကိုပိုက်ထားကာ ထိုလူ၏တိုးညှင်းစွာပြောလာသည့် စကားသံအား သဘောတကျရှိနေသည်။သူနှိပ်စက်ထားတဲ့လူရဲ့အသံက အခန်းတစ်ခုလုံးကို လွမ်းခြုံသွားတာထက်စာရင် နာကျင်မှုကိုထပ်သည်းမခံနိုင်​တော့သည့် တိုးညှင်းနေသောအသံကို ပို၍နှစ်ခြိုက်သည်။ရွန်ထိုင်နေသည့် အရှေ့၌ပုံးတစ်ပုံးလည်းရှိနေသေး၏။

Love me vampireWhere stories live. Discover now