part-14(zawgyi)

111 2 0
                                    


စံအိမ်ထဲသို့တစ်စုံတစ်ယောက်အားပွေ့ချီကာဝင်လာသည့် သခင်လေး၏အရှိန်အဝါဟာ မြင်သူအဖို့တော့အားကျစရာပင်။ဤစံအိမ်ကြီးသည်အများအမြင်တွင် ရွန်ပိုင်ဆိုင်သောစံအိမ်မဟုတ်ချေ။ထိုသို့ဖြစ်အောင်လည်း စံအိမ်ပိုင်ဆိုင်သူ၏နောက်ကြောင်းမှန်သမျှကို စုံစမ်း၍မရအောင် ဖန်တီးထားခြင်းဖြစ်သည်။

ခြေလှမ်းကြဲတွေနှင့်ဝင်လာသည့်သူတို့သခင်လေးအား ခေါင်းငုံ့အရိုအသေပေးကာ ရွန်အပေါ်ထပ်ကိုတက်သွားသည်နှင့် အပေါက်ဝမှအလျိုလျိုထွက်ခွာသွားကြ၏။ညကအတော်ညဥ့်နေပြီဖြစ်သော်လည်း သူတို့သခင်၏အမိန့်ကြောင့် ဒီညအဖို့သူတို့တွင်အိပ်ခွင့်မရှိ။

အလုပ်သမားများထွက်ခွာသွားကြသည်နှင့် စံအိမ်၏အိမ်တော်ထိန်းဖြစ်သူ ဦးမြတ်သော်သည် ရွန့်နောက်သို့အပြေးလိုက်ရတော့သည်။ဦးမြတ်သော်သည် အသက်အား
ဖြင့်လေးဆယ်ကျော်မျှသာရှိသေးသဖြင့် ခန္ဓာကိုယ်ကသွက်လက်နေတုန်းပင်။အရံသင့်ဖွင့်ထားပေးသော အခန်းထဲကိုဝင်သွားသည့် ရွန်ဟာ သူပွေ့ချီလာသောသူအား အနက်ရောင်ကုတင်ပေါ်သို့ ညင်သာစွာချပေးလိုက်သည်။

ထို့နောက် နဖူးပေါ်ဝဲကျနေသည့်ဆံစတို့အား တယုတယတပ်တင်ပေးလိုက်သည်ကို မြင်လိုက်ရသည့်ဦးမြတ်သော်မှာတော့မိမိမျက်လုံးကိုတောင်မယုံနိုင်။သူတို့သခင်လေးက သိပ်ကိုထူးဆန်းလာသည်မလား။သူ့အိပ်ယာပေါ်ဘယ်သူ့ကိုမှ အတက်မခံသည့်သူက ခုတော့...။

အဝတ်အစားအရတော့ယောက်ျားလေးတစ်ယောက်ဟုထင်ရသော်လည်း သခင်လေးရွန်နှင့်ယှဉ်နေ၍လားတော့မသိ။ဂုတ်ထောက်နေလောက်သည့်ဆံပင်တွေနှင့် စံအိမ်ထဲဝင်လာတုန်းက အနည်းငယ်မြင်လိုက်ရသည့်မျက်နှာလေး၊ပြီးတော့သေးသွယ်နေသည့်ကိုယ်လုံးလေးဟာ မိန်းကလေးတစ်ယောက်ကဲ့သို့ နူးညံ့စွာတည်ရှိနေ၏။

သခင်လေးရွန်သည် ထိုသူအားအနက်ရောင်စောင်ကိုလွှမ်းခြုံပေးလိုက်သည်။ထို့နောက် အဲကွန်း remoteဖြင့် အခန်းအပူချိန်ကိုညှိယူလိုက်ပြီး ဦးမြတ်သော်ထံကြည့်လာကာ

"တွေ့ပြီလား"

ငါးကြေးခွံအဆိပ်ကိုတီထွင်ထားသူဆေးဆရာအား မေးနေသည်ကိုဦးမြတ်သော်အတပ်သိလိုက်သည်။မေးလာသည့်စကားသံကပကတိ တည်ငြိမ်ကာအေးစက်နေလျက်။ဘာလို့သခင်လေးရွန်ဆီမှာ လူသတ်ချင်နေတဲ့ အရိပ်အယောင်တွေကိုသူတွေ့နေရတာပါလိမ့်။ထို့ကြောင့် ဦးမြတ်သော်လည်း အဖြေကိုအဆင်ပြေအောင်ဖြေဖို့စဉ်းစားရတော့သည်။

Love me vampireWhere stories live. Discover now