part-49(unicode)

292 10 0
                                    

"ဟယ်လို... သွေးမဟော်စံအိမ်မှ ဖုန်းလက်ခံရရှိပါတယ်ရှင်"

" ဦးပုအိမ်မှာရှိလား "

"မရှိပါဘူးသခင်လေး အပြင်ထွက်သွားပါတယ်"

"ဘယ်သွားတာလဲ"

"အဲ့တာတော့ မသိပါဘူးရှင့်။ သူ့အမျိုးတစ်ယောက်ကို သွားတွေ့တာလို့  ပြောပါတယ်သခင်လေး"

"အင်း..ပြန်လာရင် ဖုန်းပြန်ဆက်လိုက်"

"ဟုတ်ကဲ့ပါ သခင်လေး"

ဖုန်းချလိုက်ပြီးနောက် ကူရှင်ကိုမှီကာ အိပ်ပျော်နေသူအား စောင်းကြည့်လိုက်သည်။ ပါးစပ်လေးဟကာ အိပ်ပျော်နေသည့်ပုံအားကြည့်ရင်း ရွန်၏နှုတ်ခမ်းထက် အပြုံးယဲ့ယဲ့ကလေး ဖြစ်ပေါ်လာရသည်။ အရင်ကလို ပါးချပ်ချပ်ပါးပြင်မဟုတ်တော့ဘဲ ခပ်ဖောင်းဖောင်းဖြစ်နေသည့် ပါးပြင်လေးအား
မွေးကြူလိုက်သည်။ ထိုအခါ လိုင်းသည် လူးလွန့်လာ၏။

"ကျွတ်...ကျွတ်"

ရွန်သည် လိုင်း၏နဖူးထက် ခပ်ဝဲဝဲကျနေသည့် ဆံနွယ်လေးတွေအား သပ်တင်ပေးရင်း နှုတ်မှလည်း ကလေးတစ်ယောက်အား ချော့သကဲ့သို့ ချော့မြူလိုက်မိသည်။ ရွန်သည် လိုင်း၏ ပုဆိုးခါးပုံစအထက်နား၌ လက်ဖဝါးဖြင့် ဖြေးဖြေးကလေး ပွတ်သပ်လိုက်ရင်း ကြည်နူးရပြန်၏။ အစားအသောက်တွေနဲ့ပဲ အမြဲပြည့်နေတတ်သည့် ဗိုက်ကလေးသည် သိပ်မကြာတော့သော အချိန်ကာလ၌ ခပ်ဆူဆူကလေးပင် ဖြစ်လာတော့မည်။

ရီဝေနိုင်အကြောင်း စုံစမ်းရင်း ယန်နှင့်ပက်သက်သည့်အကြောင်းကိုပါ ထပ်လောင်းသိခဲ့ရ၏။ ဘယ်သူမှမသိစေရန် ဆရာဝန်ကိုပင် သတ်ပစ်ခဲ့သည့် ရီဝေနိုင်သည် ထိုဆရာဝန် အသက်ရှင်နေသေးသည်ကိုတော့ မသိခဲ့ပေ။ ယန်နှင့် ခန္ဓာကိုယ်ချင်းနှီးနှောတိုင်း မြင်နေရမြဲဲဖြစ်သည့် ချုပ်ရာလေးနားရောက်တိုင်း မသိချင်ယောင်ဆောင်ထားရပေမယ့် ထိုနားရောက်လျှင်တော့ ခေတ္တမျှတော့ ရပ်တန့်သွားရစမြဲ။

ဘယ်လိုတွေပဲဖြစ်ဖြစ် ရီဝေနိုင်ဆိုတဲ့လူကိုတော့ ကျေးဇူးတင်ရမည်။ သူ့ကြောင့် နဂ္ဂရွန်ဆိုတဲ့ကောင်က နူးည့ံတတ်လာခဲ့တာ။ အဲ့ဒီလူယန့်ရဲ့ဗိုက်ထဲမှာ သားအိမ်ထည့်ပေးခဲ့လို့၊ အဲ့ဒီလူယန့်ကို ဟော်မုန်းဆေးတွေ တိုက်ခဲ့တဲ့အကျိုးဆက်က ယန်ဟာဒီကောင်ဆီရောက်မှ ဆေးစွမ်းတွေပြခဲ့တာဖြစ်သည်။ ။နူးည့ံဖို့ခက်ခဲခဲ့ပေမယ့် ဆေးတွေကြောင့် ထိလွယ်ရှလွယ်ဖြစ်လာသည့်သူ၏ မျက်နှာလေးတစ်ချက် ညိုးသွားမည်ကို သေမလောက်ကြောက်ခဲ့ရတဲ့စိတ်ကြောင့် နူးည့ံတတ်လာတာဖြစ်သည်။

Love me vampireWhere stories live. Discover now