part-31(zawgyi)

40 0 0
                                    

သွေးမဟော်စံအိမ်၏ခြံထဲသို့အရှိန်နှင့်ဝင်လာသော ကော်ဖီရောင်ကားတစ်စီး။ထိုကားသည် ဆင်ဝင်အောက်ရပ်လိုက်သည်နှင့် ကားပေါ်မှလုငယ်တစ်ဦးဆင်းလာကာ စံအိမ်ထဲသို့အမြန်ပြေးဝင်သွားသည်ကို ခြံထဲရှိအလုပ်သမားများမှ သို့လောသို့လောနှင့် တစ်ဦးနှင့်တစ်ဦးတီးခေါက်ကာ ခြံထဲ၌ကျန်ရစ်ခဲ့ကြ၏။

စံအိမ်ထဲရောက်လာသည်နှင့် ခလွန်းနိုင်ဧည့်ခန်းရှိရာကိုအရင်သွားမိသည်။သို့သော်ထိုနေရာ၌မည်သူမှရှိမနေသောကြောင့် အိမ္ေပါ်ထပ်ကိုပြေးတက်လာခဲ့ရပြန်သည်။အိမ်ပေါ်ထပ်ကိုရောက်တော့ တံခါးတစ်ချပ်ကပွင့်နေသဖြင့် ထိုအခန်းထဲသို့ဝင်သွားလိုက်သည်။သွေးမဟော်၏မိသားစုများအလယ်ကုတင်ပေါ်၌လှဲလျောင်းနေသည့် ကိုကို။

ကိုကိုရဲ့နှုတ်ခမ်းတွေက ဘာလို့ဖြူဖျော့နေရတာလဲ။တစ်နေ့တည်းမတွေ့လိုက်ရတာနဲ့ကိုကိုက ဘာကြောင့်နေမကောင်းဖြစ်သွားရတာလဲ။ခလွန်းနိုင်ကိုကို့ဆီသွားလိုက်တော့ ဝိုင်းကြည့်လာကြသည့် သွေးမဟော်မိသားစုဝင်များ။

"ကိုကိုဘာဖြစ်လို့လဲ"

"ရောက်လာပြီလား"

ကိုကို့စကားသံတွေက အေးစက်နေတယ်လို့ဘာကြောင့်များထင်နေရတာပါလိမ့်။ကားအမြန်မောင်းလာလို့ နားကြားမှားသွားတာများလား။

"အိမ်ပြန်ကြမယ်လေကိုကို သူများအိမ်မှာအခုလိုကြီးနေနေတာ မကောင်းဘူးကိုကိုရဲ့ ကိုကိုနေမကောင်းရင် ပြုစုဖို့ကျွန်တော်ရောမာမီရောရှိတယ်လေနော်"

ဝိုင်းကြည့်နေသည့် မျက်လုံးတွေကိုဂရုမစိုက်စွာပြောမိသည်။

"ခလွန်းနိုင် ရွန်အသက်ရှင်နေသေးတာကိုဘာလို့ငါတို့ကိုမပြောခဲ့ရတာလဲ..ရွန်ကငါတို့ရဲ့မိသားစုဝင်တစ်ယောက် ငါရဲ့ညီ....."

"မဟုတ်ဘူးလို့!!! ကိုကိုက...ကိုကိုက ခလွန်းနိုက်တစ်ယောက်တည်းရဲ့ကိုကို...။ဦးတိုင်းရွန်နဲ့ ဒေါ်အိမ့်နုကမွေးထားတဲ့သား..။ ဦးမြတ်နိုင်အောင်ရဲ့မယားပါသား ။ခလွန်းနိုင်နဲ့ ညလွန်းမိုင်ရဲ့တစ်ဦးတည်းသောကိုကို သွေးမဟော်ကလူတွေနဲ့သွေးတစ်စက်မှရောမနေဘူး အဲဒါကြောင့်ကိုကို့ကို မိသားစုဝင်ဆိုပြီးမပြောနဲ့!! ကျွန်တော်မကြိုက်ဘူး"

Love me vampireWhere stories live. Discover now