part-41(unicode)

304 10 0
                                    

ထိုနေ့ညနေက မောင်တို့အိမ်မှာပဲ မိသားစုတွေညစာစားဖြစ်ခဲ့​သည်။အမြဲတမ်းတက်ကြွနေတဲ့ ခလွန်းနိုင်ဟာ ညစာစားပွဲမှာတော့ မျက်နှာမရွှင်မလန်းရှိနေခဲ့၏။လိုင်းမေးဖို့ရွယ်လိုက်ပေမယ့် မောင်ကလိုင်းရဲ့လက်ကိုဆုပ်ကိုင်ကာ တားလာသဖြင့် မမေးဖြစ်ခဲ့ချေ။ဦးမြတ်နိုင်အောင်ဟာ မောင့်ရဲ့ပထွေးဆိုပေမယ့် မောင့်ကိုတော့ သားအရင်းတစ်ယောက်လို ချစ်ပေးရှာသည်ကို တွေ့ခဲ့ရသည်။အန်တီ့ကို မေမေလို့ခေါ်တော့ သူ့ကိုပါ  ဖေဖေဟုခေါ်စေခဲ့သည်။

အစကမောင့်ရဲ့အချစ်ကိုမယုံကြည်သလိုဖြစ်ခဲ့ပေမယ့် အတူနေလာတာ တစ်လနီးပါးရှိလာပြီလည်းဖြစ်ရာ မောင့်ရဲ့အချစ်တွေကို တစ်နေ့ထက်တစ်နေ့ ပိုပြီးယုံကြည်လာသည်။ယုံကြည်လာတာနဲ့အမျှ မောင့်အပေါ်ဆိုးချင်နွဲ့ချင်သည့်စိတ်ကလည်း အလိုလိုဖြစ်ပေါ်လာ၏။အရင်ကတွေးခဲ့ဖူးသည်၊  မိန်းကလေးတစ်ယောက်မဟုတ်တာမို့ ဆိုးနွဲ့ချင်မှာမဟုတ်ဘူးဟူ၍။ထိုအချက်က လက်တွေ့အချိန်နှင့်တော့ ကွာခြားခဲ့၏။

မောင့်ကိုပိုပြီးချစ်လာလေ ပိုပြီးဆိုးနွဲ့ချင်လာမြဲပင်။အဲ့လိုဆိုးနွဲ့လိုက်လို့ မောင်ငြိုငြင်သွားမှာကိုလား...ဟင့်အင်းမစိုးရိမ်ပါဘူး။မောင်ကအဲ့လိုဆိုးနွဲ့ပိုင်ခွင့်ကိုအပြည့်အဝပေးထားတယ်လေ...။တစ်ခါတစ်လေ စကားပြောမတတ်ပေမယ်လို့ပေါ့..။

ဒီနေ့မောင်က အိမ်ပြန်နောက်ကျမည်ဟု ဖုန်းဆက်ထားသဖြင့် websiteမှဗန်ပိုင်းယားအကြောင်းတွေကို အပျင်းပြေလိုက်ရှာကြည့်မိသည်။AIဖြင့်ဆွဲထားသည့် လင်းနို့အတောင်ပံတွေနှင့်ရှိနေသည့် ဗန်ပိုင်းယားပုံနှင့် ဝံပုလွေပုံကိုတွေ့လိုက်သဖြင့် ထောက်ကြည့်လိုက်သည်။

"ရုပ်ဆိုးလိုက်တာ..."

လိုင်းမကျေမနပ်ရေရွတ်လိုက်မိရင်း နှုတ်ခမ်းလေးပါ ဆူထားမိသည်။ပုံက တစ်ကယ်ကိုရုပ်ဆိုးနေတာပါ။နွယ်စန္ဒာလင်းလက်ဆီကမောင်လိုင်းကိုခေါ်ခဲ့တုန်းက မောင်လည်းလင်းနို့ပုံစံဖြစ်နေခဲ့တာ။ဗန်ပိုင်းယားတွေက  ဝံပုလွေနဲ့လင်းနို့ပုံပြောင်းနိုင်ကြတဲ့အထဲမှာ  မောင်က လင်းနို့ပုံပြောင်းနိုင်တယ်ဆိုတာ လိုင်းသိခဲ့ရသည်။အဲ့ဒီနေ့က နားရွက်ရှည်ရှည်တွေနဲ့မောင်ဟာ ခွျန်ထက်​နေသည့် သွားစွယ်တွေဟာလည်း လရောင်အောက်မှာ လက်ခနဲဖြစ်နေခဲ့သည်။လေတွေကိုဖြတ်ခတ်သွားတဲ့ မောင့်ရဲ့အတောင်ပံခတ်သံက ဘယ်လောက်တောင်မှ နားထောင်ကောင်းလိုက်သလဲလေ။

Love me vampireWhere stories live. Discover now