part-55(unicode)

354 11 0
                                    

မွေးခါနီးနေပြီဖြစ်သောကြောင့် နဂိုနာကျင်နေရသည့် ဗိုက်အား အစိမ်းသက်သက် ခွဲနေသဖြင့် ယန်နာကျင်နေ၏ ။ ထို့ကြောင့် အနမ်းတွေနှင့် ချော့မြူမိတော့ နှုတ်ခမ်းသားတွေ ပေါက်သွားတဲ့အထိ ကိုက်လိုက်ပေမယ့် နဂ္ဂရွန် မနာကျင်မိ။ နာကျင်လွန်း၍ မျက်နှာကလေး ရှုံ့မဲ့သွားတိုင်း အစိမ်းသက်သက်ခွဲဖို့ လက်ခံခဲ့မိသည်ကို နောင်တရချင်သွားသည်။

ချစ်ရသူက နာကျင်စွာ ခံစားနေရသည်ကို မြင်နေရတော့ သူပါလိုက်ငိုချင်မိသည်အထိ ရင်ဘတ်က နာကျင်လွန်း၏။ သို့ပေမယ့် သူက​ေတာ့ တောင့်ခံထားရမည်မလား။ ဖြူဖျော့နေသည့် နှုတ်ခမ်းသားလေးတွေကို မအော်မိစေရန် ကိုက်လိုက်တိုင်း သူကပါ နာကျင်ရ၏။ ယန့်အစား သူသာ ဝင်ခံပေးလိုက်ချင်ပါသည်။

ကလေးကိုထုတ်ပြီး ချုပ်ရိုးကိုပါ အပြီးသတ်ပြီးပြီဖြစ်၍ ပျော်မယ်ကြံတုန်းရှိသေး သားလေးက မငိုဘူးဟူသည့်စကားကြောင့် ရင်တွေပေါက်ထွက်မတတ် နာကျင်ခဲ့ရသည်။ သို့ပေသိ သားလေးက ယန့်ရဲ့ 'ဖေဖေ့ရင်တွေနာလှပြီ' ဆိုသည့် စကားတစ်ခွန်းတည်းနဲ့တင် ပြန်နိုးလာခဲ့သည်။ နောင်တစ်ချိန် သားလေးက သူ့ထက် ယန့်ရဲ့စကားကို ပိုနားထောင်မည်ထင်ပါရဲ့။

အခန်းထဲ၌ မာမီကျန်ခဲ့သည်မို့ ဆေးရုံအုပ်နှင့် သွားတွေ့ပြီးပြန်လာတော့ အခန်းရှေ့ရပ်နေသည့်လူနှစ်ယောက်။ တစ်ယောက်က ယန့်ကိုခွဲစိတ်ပေးသည့် ဆရာဝန်ဖြစ်ကာ နောက်တစ်ယောက်က မိန်းကလေးတစ်ယောက်ဖြစ်ပြီး  မြန်မာဝမ်းဆက်အဖြူရောင်ကို ဝတ်ဆင်ထား၏။ စက်အကူဖြင့်မဟုတ်ဘဲ ဖြောင့်စင်းနေသည့် ဆံနွယ်ရှည်တွေက တင်ပါးကျော်နေ၏။ နှစ်ယောက်က စကားများနေပုံရသည်။

"ခွန်းကြို့! မင်းမှာ ငါ့ကိုအမိန့်ပေးပိုင်ခွင့်မရှိဘူးနော်"

"အမယ်လေး... ရာရာစစ ကြို့ကလည်း ရှင့်လိုလူကို အမိန်မပေးချင်ပါဘူး"

"မင်းယောက်ျားတစ်ယောက်ဖြစ်ပြီး တစ်ရှင်ရှင်နဲ့ ဘာဖြစ်နေတာလဲဟမ်!.. မင်းမရှက်ဘူးလား"

ရွန်မအ့ံဩပါဘူးဟု ပြောလျှင် လိမ်ရာတော့ကျလိမ့်မည်။ သူ့ရှေ့မှ မိန်းကလေးက ယောက်ျားလေးတစ်ယောက် ဖြစ်နေခဲ့သည်
တဲ့။ ကိုယ့်ငါးချဥ် ကိုယ်ချဥ်တာတော့ မဟုတ်ပေမယ့် ယန်ကပိုချစ်ဖို့ကောင်းသည်။ မြန်မာဝမ်းဆက် မဟုတ်ခဲ့ပေမယ့် maid dressလေးနဲ့ ဘယ်လောက်တောင်မှ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိခဲ့လဲ။

Love me vampireUnde poveștirile trăiesc. Descoperă acum