part-6(zawgyi)

99 2 0
                                    

လပြည့်ညဖြစ်လင့်ကစား ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်မနေသလို ကောင်းကင်ရှိကြယ်တာရာများကလည်း တိမ်ကင်းစင်မှုကြောင့် ကောင်းကင်တစ်ခုလုံးထိန်လင်းနေတော့၏။လပြည့်ညသည် စင်စစ်အားဖြင့် vampireတို့သာမာန်ထက် အင်အားကြီးသောညတစ်ညဆိုလျှင်လည်းမမှားပေ။

သူတို့သည် ဝိုင်းစက်နေသော လ,ထံမှ အလင်းတန်းတို့ကိုစုပ်ယူကာ အင်အားအဖြစ်ပြန်လည်အသုံးချတတ်ကြသည်။ထိုညတွင် သူတို့၏သားကောင်များကို ရက်ရက်စက်စက်သတ်ဖြတ်ကြသလို၊အချို့ဆိုလျှင် သူတို့မျိုးနွယ်စုအဖြစ်ပြောင်းလဲသွားအောင်လည်း ပြုလုပ်နိုင်ကြသည်။

အခြားသောညများတွင် သားကောင်များအားရှာဖွေကြသော်လည်း ယနေ့ညတွင်တော့ ခါတိုင်းထက်ပိုဆိုးနေလိမ့်မည်မှာ ကျိန်းသေပင်။ထို့အပြင် သူတို့၏အင်အားကို အပြည့်အဝအသုံးချချင်ကြသေးသည်။ထို့ကြောင့် သူတို့၏သားကောင်ဖြစ်သော လူနှင့်တိရစ်ဆာန်များသည် သာမာန်ထက်သေဆုံးကြရအုံးမည်ပင်။

ထိုစဉ် သွေးမဟော်စံအိမ်ကြီးထဲတွင်ရှိနေလေသော vampireသည်လည်း လရောင်ဖြင့် ဒဏ်ရာတို့ကိုကုစားရန် သွေးမဟော်စံအိမ်ကြီး၏ ခြံအနောက်ဘက်မှ ခိုင်မာတောင့်တင်းသော သံချပ်တို့ဖြင့် တည်ဆောက်ထားသော အခန်းအတွင်းသို့ လျင်မြန်သောအရှိန်ဖြင့်ဝင်ရောက်လာလေ၏။ထို့နောက် လှေကားထစ်မှတစ်ဆင့် အောက်ကိုဆင်းသွားလိုက်လျှင် ကြီးမားသောအခန်းကျယ်ကြီးတစ်ခုကဆီးကြိုနေလေသည်။

ထိုသူမှာ purple ရောင်မျက်ဝန်းတစ်စုံအားပိုင်ဆိုင်ထားသည့် နဂ္ဂရွန်ပင်ဖြစ်ချေ၏။ရွန်သည် အခန်းထဲဝင်လာသည်နှင့် အခန်းထဲရှိလူများကိုခေါင်းညိတ်ပြလိုက်ကာ သူကိုယ်တိုင်လည်း စင်တစ်ခုပေါ်တက်လိုက်၏။သူစင်ထက်တက်လိုက်သည်နှင့် အိမ်တော်ထိန်းဦးပုဟာ လက်ထဲမှခလုတ်ကိုနှိပ်လိုက်ပြီး စက်ယန္တရားတို့အားလည်ပတ်စေလိုက်သည်။

ထိုစက်ယန္တရားတို့လည်ပတ်ပြီးသည်နှင့် ခေါင်မိုးဘက်မှ စက်ဝိုင်းပုံပွင့်သွားပြီးထိုမှတစ်ဆင့် လရောင်တို့ဟာအခန်းတွင်းဖြာကျလာ၏။ထို့အပြင်စင်နှင့်မလှမ်းမကမ်းရှိ ကြမ်းပြင်ဘက်မှလည်း red spider lilyပန်းကထွက်ပေါ်လာ၏။ထိုပန်းသည် လေထဲတွင်ဝဲပျံနေပြီးဘေးနားတွင်လည်း အနီရောင်အလင်တန်းများကထွက်ပေါ်နေသည်။

Love me vampireDove le storie prendono vita. Scoprilo ora