နေ့လည်ကသွေး ပူနေသည့်အရှိန်နှင့်မို့ ခန္ဓာကိုယ်က နာလို့နာမှန်းမသိသာပေမယ့် ညရောက်သည့်အခါမှာတော့ တံခါးကိုဆောင့်တွန်းထားသည့် ခြေထောက်တွေက နာကျင်နေရကာ ခန္ဓာကိုယ်တစ်ခြမ်းကပါ အညိုအမဲစွဲကာ နာကျင်နေရ၏။ ညနေစောင်းတဲ့အထိ အိပ်ခဲ့တဲ့သူက ညရောက်တော့ အိပ်မပျော်တော့ချေ။
နွန်ပေးခဲ့သည့် ပိုင်မုန့်ကို အရသာခံကာ စားရင်း dreambedပေါ်လှဲကာ ဇိမ်ခံနေပေမယ့် ခုချိန်ထိသူ့ကို စကားမပြောသေးပေ။ ယန်မြင်သွားရင် စိတ်ပူနေဦးမှာမို့ သူအိပ်မည့် အချိန်ရောက်သည်အထိ စောင့်နေပေမယ့် မအိပ်သေးတာမို့ ကိုက်ခဲမှုက တစ်ဆစ်ဆစ်နှင့်။ ဘယ်လိုမှ မခံနိုင်တော့၍ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ အခန်းထဲမှာ ပုံမှန်အတိုင်း လျှောက်ခဲ့ရပေမယ့် အပြင်ရောက်တာနဲ့ ထော့နဲ့ထော့နဲ့ ဖြစ်သွားရသည့်ခြေထောက်ကို အားယူကာ ဆေးသေတ္တာကိုလိုက်ရှာပေမယ့်မတွေ့။
သွေးမဟော်မှ ပါလာခဲ့သည့် ခြံစောင့်လင်မယားကလည်း အခုချိန်လောက်ဆို အိပ်ပျော်နေလောက်ပြီ။ မဟုတ်လည်း သွားနိုးလိုက်ရင် ယန်ကသတိထားမိနေဦးမည်ပင်။ ထို့ကြောင့် ဆေးပလာစတာကို တွေ့ရန်သာ လှန်လောကာ ရှာဖွေနေမိသည်။
"အဲ့တာက ဘာရှာနေတာလဲ"
ရုတ်တရက်ကြားလိုက်ရသည့် အသံကဘောက်ဆတ်ဆတ်ကလေးသာ။ သို့ပေမယ့်
ရွန်ကျေနပ်ပါ၏။ ဘယ်လိုပဲဖြစ်ဖြစ် စကားတော့ပြောလာပြီမလား။"ခေါင်းနည်းနည်းကိုက်နေလို့ ဆေးရှာနေတာ"
"လက်ထဲကဟာက ခေါင်းကိုက်ပျောက်ဆေးမဟုတ်ဘူးလား"
"အော်...ဟုတ်သားပဲ။ ကြောင်တောင်ကန်းနေတာ။...မအိပ်သေးဘူးလား ဆယ့်တစ်တောင်ထိုးနေပြီ"
"အင်း"
မုန့်ထည့်သည့် ခွက်အား မီးဖိုခန်းထဲသွားထားလိုက်ပြီး အိပ်ခန်းရှိရာသို့ ပြန်လာခဲ့၏။ အိမ်က တစ်ထပ်တိုက်ပုလေးသာ ဖြစ်သောကြောင့် အရင်ကလို အပေါ်ထပ်အောက်ထပ် ခက်ခက်ခဲခဲ သွားလာလှုပ်ရှားရန် မလိုတော့ချေ။တစ်ထပ်သာရှိပေမယ့် အခန်းဖွဲ့စည်းပုံက ဆယ်ခန်းထက်မနည်းရှိ၏။ မောင့်ကိုတစ်ချက်သာကြည့်ပြီး အိပ်ခန်းရှိရာဘက်သို့....။
![](https://img.wattpad.com/cover/355722818-288-k321413.jpg)
YOU ARE READING
Love me vampire
VampireSeme -နဂ္ဂရွန်(mafia)vampire သွေးနှော Uke -အိုင်ယန်လိုင်း(doctor) ကျုပ်သေရမယ်ဆိုရင်တောင် ခင်ဗျားကတော့ဒဏ်ရာတစ်ချက်မှရလို့မဖြစ်ဘူး.... ဤဇာတ်လမ်းပါအကြောင်းအရာများသည် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။ စာရေးသူ၏ စိတ်ကူးယဥ်သက်သ...