part-21(unicode)

317 15 8
                                    


လွန်ခဲ့သော9နှစ်​ကျော်ခန့်က

ဆယ်တန်းအောင်စာရင်းထွက်ရန်စောင့်ဆိုင်းနေသည့်အချိန်ဖြစ်လေသည်။အိမ်မှာအမြဲနေရသည့်အိုင်ယန်လိုင်းက ဒီနေ့တော့ အပြင်ထွက်ရမည်မို့တက်ကြွနေ၏။ဦးနောင်ကလိုက်ပို့ပေးပါမည်ဟု​​ပြောသော်လည်း အလုပ်များသည့်ဦးနောင်ကို မနှောင့်ယှက်ချင်သဖြင့် အစ်ကိုဝမ်းကဲွဲ​ြဖစ်သည့် အစ်ကိုဘုန်းကိုကိုနှင့်အပြင်လိုက်ရန်တိုင်ပင်ထားခြင်းပင်။နို့စိမ်းရောင်တီရှပ်အား ဂျင်းဒူးပြဲနှင့်ဝတ်ဆင်ထားသည့်လိုင်းဟာ လူငယ်အသွင်ကို အပြည့်အဝဆောင်ကျဥ်းလို့ထားသည်။

နဖူးပေါ်ခပ်ဝဲဝဲကျနေသည့် ပန်းရောင်ဖျော့ဖျော့ဆံနွယ်​တွေဟာ ဖြူဥနေသည့်မျက်နှာအသားအရည်နှင့်လိုက်ဖက်လွန်းနေ၏။အပြင်သွားရန်တက်ကြွနေသည့် လိုင်းကိုကြည့်ကာဒေါ်ကြီးစိုးကပါအပျော်တွေကူးစက်လာရသည်။ချိန်တီးနာရီကိုမော့ကြည့်လိုက် အပြင်ဘက်ကိုကြည့်လိုက်နှင့်တစ်ယောက်တည်းအလုပ်ရှုပ်နေလေ၏။

တီ..တီ..

အိမ်ရှေ့မှကားဟွန်းတီးသံကြားလိုက်ရသည်နှင့် လိုင်းကိုယ်လေးဆတ်ခနဲမတ်ကာ အနေအထားကထရပ်ပြီးသားပင်။ခြံပြင်သို့အမြန်ပြေးထွက်သွားလေတော့ ကားတံခါးဖွင့်ကာစောင့်နေသည့်အစ်ကိုဘုန်းကိုကို..။

"အစ်ကို"

"ဖြေးဖြေးလာပါလို်င်းလေးရာ မေှာက်ခုံတွေလဲနေရင်ဘယ်လိုလုပ်မလဲ"

လိုင်းကအသင့်ဖွင့်ထားပေးသည့် ကားထဲသို့ဝင်ထိုင်လိုက်ရင်း

"ဟီး..ကျွန်တော်စောင့်နေတာကြာလှပြီအစ်ကိုရ မနက်အစောကြီးတည်းကပဲ ဦးနောင်သိရင်ဆူခံရမှာစိုးလို့ အိပ်ချင်ယောင်ဆောင်နေတာ ဦးနောင်အလုပ်သွားမှအိမ်အောက်ကိုဆင်းပြီးစောင့်နေတာ"

"အရမ်းတက်ကြွနေတယ်ပေါ့"

"ဟုတ်"

ဘုန်းကိုကိုကလိုင်း၏ခပ်ဝဲဝဲဆံပင်တို့ကိုတစ်ချက်ဖွပေးလိုက်ပြီး ကားကိုဂရုတစိုက်နှင့်မောင်းထွက်သွား၏။ဆယ်မိနစ်ခန့်မောင်းပြီးတော့ Brownဆိုသည့်ဆိုင်ရှေ့တွင်ကားကိုထိုးရပ်လိုက်သည်။ဆိုင်ဖွင့်တာသိပ်မကြာသေးပုံပင်။အရင်ကမမြင်ဖူးသောကြောင့်။ဘုန်းကိုကိုက ရှေ့ကနေဦးဆောင်ခေါ်သွားသည်မို့ လိုင်းလည်းအစ်ကို့နောက်မှထပ်ကြပ်မကွာလိုက်သွားလိုက်သည်။

Love me vampireWhere stories live. Discover now