part-20(zawgyi)

79 3 0
                                    


နှစ်လဆိုသောအချိန်ဟာမျက်စိတစ်မှိတ်အတွင်း အလျင်အမြန်ပင်ကူးပြောင်းသွားချေပြီ။နောင်ရဲ့အိမ်မှာနေရာတဲ့နှစ်လဆိုသောအချိန်တွင် လိုင်းနှင့်ပို၍ရင်းနှီးလာခဲ့သည်။သာမာန်အသိစိတ်မရှိတော့သည့် အိုင်ယန်လိုင်းဟာ သားငယ်လေးနဲ့ပင် အပြိုင်စိတ်ကောက်တတ်သည့်အချိန်များလည်းရှိ၏။ထိုအချိန်များတွင် မည်သူ့ကိုချော့၍ချော့ရမှန်း နွန်တစ်ယောက်ဗျာများရ၏။

မုန့်စားသည့်အချိန်၊TVကြည့်သည့်အချိန်၊ကစားသည့်အချိန်များတွင် ညီအစ်ကိုနှစ်ယောက်အော်ကြီးဟစ်ကျယ်နှင့်ငြင်းတော့တာပင်။သားငယ်နောင်လေးက သူ့အစ်ကိုကိုခဏခဏစတတ်လွန်းသည်။ဟိုကလည်း အစမခံ၍ငိုယိုပြီးလာကာနွန့်ထံသို့လာတိုင်တတ်သည်သာ။အဝတ်အစားဝတ်လျှင်လည်း သားငယ်နောင်လေးနှင့်သာ ဆင်တူဝတ်ချင်သည်ဟုဆိုကာ ဂျီကျလွန်း၍ နှစ်ယောက်ဆင်တူအဝတ်များကိုသာ ဝယ်ထားပေးရသည့်အဖြစ်။

နောင်သည်လည်းတစ်ခါတစ်ရံသူ့တူ၏ အဖြစ်ကိုယခုချိန်ထိဖြေဆည်မရနိုင်သေး။ထိုအချိန်များတွင်နှစ်သိမ့်ပေးရသည်ကနွန်သာ။ယနေ့လည်း တီရှပ်အဝါဖျော့လေးနှင့် JJဘောင်းဘီအဝါရင့်ကိုတွဲဖက်ဝတ်ဆင်ထားသည့်ညီအစ်ကိုနှစ်ယောက်သည် ရေခဲမုန့်မကျွေး၍ဟုဆိုကာ နှစ်ယောက်သားစိတ်ကောက်နေကြ၏။

"နောင်လေး"

"ခေါ်နဲ့ ဟွန့်!"

နွန်ကပွေ့ချီမည်အလုပ် နောင်လေးဟာမျက်နှာကြီးဆူပုတ်ပြီးတစ်ဖက်သို့လှည့်သွားလေ၏။သူ့ကိုခိုးကြည့်နေသည့် လိုင်းလေးကိုကြည့်လိုက်ပြန်တော့လည်း မသိချင်ယောင်ဆောင်ကာတစ်ဖက်သို့ပင် မျက်နှာလွှဲလိုက်သေးသည်။

"လိုင်းလေး"

"မကြားဘူး"

ဟုဆိုကာ နားနှစ်ဖက်ကို ရှည်သွယ်သွယ်လက်ချောင်းလေးတွေနှင့်ပင် ပိတ်ထားလိုက်သေးသည်။ဆိုလိုချင်တာက နှစ်ယောကျလုံးစိတျကောကျနတော ရေခဲမုန့်မကျွေးမချင်းလာမခေါ်ပါနဲ့ပေါ့။အဂ္ဂနွန်နှစ်ယောက်လုံး၏ဆံပင်ကို ထိုးဖွပေးလိုက်သည်။

"အူးဝါးးးးမောင်နဲ့တိုင်မယ်သူများဆံပင်ကို လာဖွနေတာ ဆံပင်ကမနေ့မှညှပ်ထားလို့ ပုံသွင်းထားတာပါဆို ဦးနောင်ရဲ့ကလေးကမကောင်းဘူး ဗြဲ"

Love me vampireOnde histórias criam vida. Descubra agora