part-5(unicode)

785 27 2
                                    


လိုင်းသည်ရွန်ထွက်သွားသည်နှင့် အပေါ်ထပ်ကိုပြန်တက်လာ၏။လက်ထဲတွင်လည်း သဘက်တစ်ထည်ကိုကိုင်လျက်။နွန်ရှိသည့်အခန်းထဲဝင်လာပြီးသည်နှင့် တံခါးကိုသေချာပြန်ပိတ်လိုက်ကာ ရေချိုးခန်းထဲဝင်လိုက်သည်။ပြီးမှ ဇလုံထဲရေထည့်ကာ အပြင်ကိုပြန်ယူလာခဲ့ပြီး သဘက်ကိုထိုဇလုံထဲထည့်လိုက်ပြီး သဘက်တစ်ထည်လုံးရေစိုပြီဆိုမှ ရေညစ်လိုက်ကာ နွန့်ကိုယ်ကိုသန့်ရှင်းရေးလုပ်ပေးလိုက်သည်။

ဒါကရွန်နဲ့ယူပြီးလိုင်းလုပ်ရသည့်နောက်ထပ်အလုပ်တစ်ခုပင်။ပြီးရင်လိုင်းဒီအခန်းထဲကတစ်နေကုန်မထွက်ဖြစ်တော့။ထွက်ရင်လည်း အပျင်းပြေစကားပြောရန်မည်သူမှမရှိသောကြောင့်။အစ်ကိုအဂ္ဂနွန်နဲ့ ရွန်ကဘာလို့များ အကျင့်စရိုက်တွေဒီလောက်ကွာခြားနေရတာလဲဆိုတာစဥ်းစားမရ။

အစ်ကိုအဂ္ဂနွန်က ခင်ဖို့ကောင်းသလောက် နဂ္ဂရွန်ကတော့ မုန်းဖို့ကောင်းသည်။သူနဲ့လက်မှတ်ထိုးပြီးတာ နှစ်ပတ်ကျော်သုံးပတ်ထဲတောင် ရောက်နေပြီဖြစ်သော်လည်း သူ့အလုပ်နှင့်ပက်သက်၍တစ်ခါမှမကြားမိ။သို့သော်လည်း တရားမဝင်အလုပ်တွေလုပ်နေမှန်းတော့ လိုင်းရိပ်စားမိပါသည်။

လိုင်းပျင်းသည်နှင့် နွန့်ကိုစာအုပ်ဖတ်ပြရန်တွေးမိလိုက်သည်။တစ်ခါမှမဖတ်ပြဖူးသည်မို့ အခန်းထဲတွင်စာအုပ်ရှိသလားဆိုတာတော့မသေချာ။ထို့ကြောင့်လိုင်းလည်း အံဆွဲတွေထဲလိုက်လံရှာဖွေမိသည်။အံဆွဲထဲတွင် စာအုပ်ဆိုလို့ နက်ပြာရောင်စာအုပ်မှလွဲ၍ မည်သည့်စာအုပ်မှရှိမနေ။

ထိုစာအုပ်ကိုယူကာအဖုံးကိုဖွင့်လိုက်တော့ မြင်လိုက်ရသည့်စာလုံးလေး..။

"နောင်"

နောင်ဆိုတာဘယ်သူများလဲ။ဦးနောင်ကိုပြောတာများလား။ဦးနောင်နဲ့ပက်သက်ပြီးရေးထားတာများလား....

လိုင်းသိချင်စိတ်ဖြင့် နောက်ထပ်တစ်ရွက်ကိုလှန်ကြည့်လိုက်မိသည်။ထိုစာရွက်တွင်ညီညာဝိုင်းစက်သောလက်ရေးများက အစီအရီတည်ရှိနေ၏။

......အမှတ်မထင်ဘဲ ဆုံတွေ့ခဲ့ရတဲ့ အဲ့အစ်ကိုရဲ့နာမည်ကမြတ်ယန်နောင်တဲ့ ကျွန်တော်အစ်ကို့ကို နောင်လို့ခေါ်လို့ဖြစ်ပါ့မလား ဒါမှမဟုတ်လည်း အစ်ကိုလို့ပဲခေါ်ရမလား အစ်ကိုသိလား ကျွန်တော့်မှာအရင်ကချစ်သူတစ်ယောက်ရှိခဲ့ဖူးတယ် အကြောင်းပြချက်ရေရေရာရာမရှိပါဘဲ လမ်းခွဲသွားတယ်လေ အဲ့တုန်းကအရမ်းခံစားခဲ့ရတာပဲသိလား ခုချိန်ထိထပ်မချစ်ရဲတော့တဲ့အထိပဲ ဒါပေမယ့်အစ်ကို့ကိုတွေ့တော့ ကျွန်တော်ထပ်ချစ်မိခဲ့ပြန်ရော......

Love me vampireWhere stories live. Discover now