part-11(unicode)

426 17 3
                                    


ကျောင်းပေါက်ဝတွင်ရပ်စောင့်နေသည့် ကလေးငယ်ဟာ နွန့်ရဲ့သားတဲ့လေ။ပါးဖောင်းဖောင်းလေးပေါ်ကစံပယ်တင် မှဲ့ကလေးဟာလည်းထင်းလို့။နောင်က နွန့်ရဲ့spermကိုယူပြီးဖန့်ြပွန်သန္ဓေသားယူခဲ့သည်တဲ့။အဲဒီညက ဝိုးတဝါးပုံရိပ်တွေဟာ အိပ်မက်မဟုတ်ခဲ့လေဘူး။

ပြီးတော့ ကိုယ်ဝန်ဆောင်တဲ့အမျိုးသမီးကိုလက်ထပ်ခဲ့သည်တဲ့။ကျွန်တော်နောင့်ရဲ့အချစ်ကိုအထင်လွှဲမိသွားတယ်နောင်။နောင်ဟာငွေလိုနေတဲ့အမျိုးသမီးကို ကိုယ်ဝန်ဆောင်ငှားခဲ့တာတောင် ပတ်ဝန်းကျင်ကထိုအမျိုးသမီးအားချုတ်ချမည်စိုး၍ ထိုအမျိုးသမီးအား တင်တောင်းငွေနဲ့လက်ထပ်ခဲ့သည်။

နွန်ထိုကလေးထံ အရောက်သွားမိသည်။နီးကပ်လာလေ တစ်ခုခုကသူ့ရင်ကိုဆုပ်ထားသည့်နှယ်။ပြုံးပျော်နေသည့် ထိုကလေးဟာထမင်းဘူးနှင့်ရေဘူးပါသည့် ခြင်းလေးကိုဆွဲထားသေးသည်။ဒီနေ့မှနောင်ဟာနောက်ကျနေပုံပင်။တွေ့တော့မှကောင်းကောင်းကြီးဆူပစ်အုံးမည်။

"နောင်လေး"

နွန်ခေါ်တော့ နောင်လေးဟာ ကားလမ်းဘက်ကိုငေးနေရာမှ သူ့ကိုမော့ကြည့်ကာ ပြုံးပြလာ၏။

"ကျွန်တော့်ကိုသိလို့လားခင်ဗျ"

"အင်းသိတာပေါ့ မြတ်ယန်နောင်ရဲ့နှလုံးသားလေးမဟုတ်လား"

ကလေးကခဏစဥ်းစားဟန်ပြုပြီး ခေါင်းယမ်းကာ

"ကျွန်တော်ကဖေကြီးရဲ့ နှလုံးသားလေးမဟုတ်ဘူးဗျ ကျွန်တော်ကဖေကြီးရဲ့အသက်ဖေကြီးရဲ့နှလုံးသားက သပ်သပ်ကိုရှိသေးတယ်"

"ဟုတ်လား  ဦးဦးနောက်ကိုလိုက်ခဲ့မလား "

"ကိုကိုကပြောတယ် လူစိမ်းတွေနောက်လျှောက်မလိုက်ရဘူးတဲ့"

"ကိုကိုဆိုတာ အိုင်ယန်လိုင်းကိုပြောတာလား"

"ဟုတ်တယ် ဦးဦးကကိုကို့ကိုရောသိတယ်ပေါ့"

နွန် နောင်လေး၏ဆံပင်လေးတွေကိုဖွပေးလိုက်မိသည်။ဘယ်သူနဲ့တူလို့အဲ့လောက်တောင်စကားတတ်ရတာလဲ။ဝိုင်းစက်နေတဲ့မျက်ဝန်းတွေဟာ နွန့်ကိုစူးစမ်းနေပုံပင်။ထမင်းဘူးခြင်းလေးကိုချစေကာ ထိုလက်လေးတွေကိုဆုပ်ကိုင်လိုက်မိသည်။

Love me vampireWhere stories live. Discover now