part-47(zawgyi)

25 0 0
                                    

ရွန်တို့ထွက်သွားသည်နှင့် ဒေါ်အိမ့်နုနှင့် ဦးမြတ်နိုင်အောင်သည် ခလွန်းနိုင်အနားသို့ရောက်လာကြလေသည်။ ဂျွိုင်းကလည်း လိုရမယ်ရအနားသို့ ရောက်လာ၏။အနားတွင် သူ၏ပါတနာဖြစ်သူ ဥက္ကာကျော်ကမပါမဖြစ်။

"သားလွန်းနိုင် ဘာဖြစ်တာလဲ"

"အစ်ကိုအိုင်ယန် ဆေးမိထားလို့... ကိုကိုက cctvကို စစ်ကြည့်ခိုင်းသွားတာ"

"အို...ဒါကြောင့်သားရွန်က စိတိဆိုးသွားတာပဲ"

ခလွန်းနိုင်သည် ဒေါ်အိမ့်နု၏ အမေးအားပြန်ဖြေနေရပေမယ့် အကြည့်တွေက အစ်ကိုမင်းမောင်အနားရပ်နေသည့် ဂျိုင်းထံတွင်သာ။ ဝတ်စုံအပြည့်နှင့် မမြင်ရတာကြာ၍လားတော့မသိ သူ့မျက်လုံးထဲ ဂျွိုင်းက အတော်ကိုသားနားနေလေသည်။ ထို့နောက် ဂျွိုင်းအနား မယောင်မလည်ကပ်နေသည့် ဥက္ကာကျော်ဆိုသည့်ကောင်လေး။ ဘယ်ဘဝက ရေစက်ဆိုးတွေကြောင့်ရယ်မသိ ထိုကောင်လေးကို မြင်ယုံနဲ့တင် စိတ်ထဲအလိုလိုမုန်းတီးနေမိ၏။

စိတ်ထင်၍ပဲလားတော့မသိ။ ဂျွိုင်းရဲ့မျက်လုံးတွေက အရောင်မှိန်နေသည်ဟု ခံစားနေရ၏။

"အကူအညီလိုသေးလား လွန်းနိုင်"

"လိုတယ်ဒယ်ဒီ...ကျွန်တော်က cctvကိုစစ်ကြည့်လိုက်မယ်။ ဒယ်ဒီက အစ်ကိုမင်းမောင်နဲ့ပွဲကိုထိန်းထားပေး။ ထုတ်ကုန်နဲ့ပက်သက်ပြီး မသိတာရှိရင် ကိုမောင်တင့်ထူးကို မေးလိုက်။ အဆင်ပြေမလား အစ်ကိုမင်းမောင်"

"အင်း..အဲ့လိုပဲလုပ်ကြတာပေါ့"

"ဒါနဲ့ ဂျွိုင်း..."

သူခေါ်လိုက်တော့မှ မျက်လုံးတွေအရောင်တောက်လာ၏။ ဒါဆိုသူ့ရဲ့သကားကိုစောင့်နေတာပေါ့။အရောင်တောက်နေသည့် ထိုမျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်လိုက်ကာ...

"အကူအညီတောင်းလို့ရတယ်မလား"

"ရတာပေါ့...ဘာကူညီရမလဲ"

"ဝင်ပေါက်တွေအားလုံးကို ပိတ်ထားပေးပါ။ ကျွန်တော်အကြောင်းမကြားမချင်း ဝင်လူကလွဲရင် ဘယ်သူ့ကို မှထွက်ခွင့်မပေးပါနဲ့။ ကုန်ကုန်ပြောရရင် ပုရွက်ဆိတ်တစ်ကောင်တောင် ထွက်သွားတာမလိုချင်ဘူး...။ ပြီးတော့အစ်ကိုမင်းမောင်..."

Love me vampireTempat cerita menjadi hidup. Temukan sekarang