part-28(unicode)

205 8 4
                                    


နိုင်းဆိုင်ထဲကနေ အမြန်ဆုံးပြေးထွက်လာခဲ့မိသည်။နာကျင်ရတယ်။အပူလောင်သွားတဲ့ဘယ်ဘက်ပါးပြင်တော့မဟုတ်။ရင်ထဲက နာကျင်ရတာ။ဘာကြောင့်များအဲ့ဒီကလေးကိုတွေ့တဲ့အချိန် ပျော်ရွှင်မှုရော နာကျင်မှုပါခံစားနေရတာလဲ။အနီးဆုံးTaxiကိုငှားပြီ းအိမ်ရောက်တဲ့အထိ နိုင်းငိုကြွေးနေမိသည်။အိမ်ရှေ့ရောက်​တော့ ကျသင့်ငွေကိုရှင်းလိုက်ပြီး ခြံတံခါးရှေ့မှာခြေစုံရပ်ကာ ပါးပြင်ထက်ကမျက်ရည်တွေကိုပွတ်သပ်လိုက်ရသည်။

ဒီမျက်ရည်တွေကိုဘယ်သူမှမြင်လို့မဖြစ်ဘူး။မဟုတ်ရင်နိုင်းကို ပျော့ညံ့တယ်ဆိုပြီးဝိုင်းဟားကြမှာနိုင်းမလိုလား​ေပ။အဲ့လိုဝိုင်းဟားခံရတိုင်းနိုင်း ကိုကိုရိုက်တာခံရသည်။ထို့ကြောင့်နိုင်းငိုတာဘယ်သူမှမြင်လို့မဖြစ်။​ြခံထဲကိုခြေချလိုက်သည်နှင့် ခြံစောင့်ဦးလေးကြီးက ပန်းပင်တွေကိုရေဖြန်းနေတာတွေ့လိုက်ရသည်။ပြီးတော့ အိမ်အကူကောင်မလေးတစ်ယောက်။

နိုင်းသူတို့ကိုမမြင်ချင်ယောင်ဆောင်ပြီး အိမ်ထဲကိုသာ တန်းတန်းမတ်မတ်လျှောက်လာခဲ့လိုက်သည်။အပေါ်ထပ်က အခန်းထဲကိုရောက်တာနဲ့ အပူလောင်သွား၍ တွန့်လိမ်သွားသည့် ဘယ်ဘက်ပါးပြင်ပေါ်ရှိအ​ေရပြားအကြည်လေးအား ဆွဲခွာပစ်လိုက်သည်။ပေါ်လာသည့်မျက်နှာလေးကိုနိုင်းသိပ်သဘောကျရသည်။သွေးကြောစိမ်းလေးတွေယှက်ဖြာနေတဲ့ ပါးပြင်ကိုနိုင်းသဘောတကျပွတ်သပ်လိုက်မိသည်။ဒါကမှနိုင်းရဲ့မျက်နှာအစစ်။

အပြင်ထွက်တိုင်းနိုင်းဒီမျက်နှာကို အ​ေရပြားအတုလေးတွေနဲ့ဖုံးကွယ်ပြီးမှထွက်ရသည်။သွေးရောင်မရှိဘဲ ဖြူစွတ်နေသည့်ထိုမျက်နှာကြီးကိုနိုင်းမနှစ်သက်။ဒါပေမယ့်ကိုကို့ရဲ့အမိန့်ကိုနိုင်းမလွန်ဆန်ရဲပေ။ကိုကိုမိုင်းဟန်က ဘာမှဖုံးကွယ်စရာမလိုဘဲအပြင်ထွက်ခွင့်ရပေမယ့် နိုင်းကိုကကျတော့ဘာလို့များဒီလောက်ထိချုပ်ခြယ်နေရတာလဲဆိုတာနိုင်းမသိတော့။

ခွာချထားတဲ့အ​ေရပြားအတုအား အမှိုက်ပုံးထဲပစ်ထည့်ကာ တံခါးပေါက်ရှိရာသို့အကြောင်းမဲ့ငေးကြည့်ဖြစ်သည်။သူကြည့်နေရင်း မြင်ကွင်းထဲဝင်လာသူကကိုကို။ကိုကိုက အခန်းထဲတစ်လှမ်းချင်းဝင်လာရင်း နိုင်းရဲ့ကုတင်ပေါ်တက်ထိုင်လိုက်ပြီး နိုင်းဘက်သို့လှည့်ကာ

Love me vampireWhere stories live. Discover now