part -46(unicode)

280 5 0
                                    

မနေ့ညကတည်းက အိမ်တောင်မပြန်ဖြစ်သေးဘဲ ပွဲအတွက် အမှားအယွင်းမရှိစေရန် သေချာစိစစ်နေရသဖြင့် ရွန်တစ်ယောက်မအိပ်ရသေးပါ။ အိမ်ပြန်ရောက်လျှင် တစ်ရေးတစ်မော အိပ်ဖို့ကြံလိုက်ပေမယ့် မာမီတို့အိမ်ကိုသွားချင်ပါသည်ဟုသာ တောင်းဆိုနေသည့် ကလေးကြီးတစ်ယောက်ကြောင့် မဖြစ်မနေလိုက်ပို့ခဲ့ရလေသည်။ taxiနဲ့မသွားချင်လည်းအိမ်ကdriverကို လိုက်ပို့ခိုင်းလိုက်မယ်ဆိုတာကိုလည်းမရ။ ထို့ကြောင့် မာမီတို့အိမ်မှာ အိပ်ဖို့သာဖြစ်လာ၏။

မာမီ့အိမ်ရောက်တော့ ဧည့်ခန်းထဲစာဖတ်နေသည်ကို တွေ့လိုက်ရသည်။ မနှုတ်ဆက်တော့ဘဲ အပေါ်ထပ်အခန်းရှိရာသို့...။

"မေမေ နေကောင်းလားဗျ"

"ဟယ်.. လိုင်းလေးပါလား ဘယ်ကနေဘယ်လိုရောက်လာတာလဲ "

"ဟီး..မောင်လိုက်ပို့ပေးတာ...။လိုင်းကမေမေ့ကိုလွမ်းနေတာသိလား..မောင်မအားတာနဲ့ မလာရဘူး။"

"ဟုတ်လို့လား..။ကျွန်မသားကိုအပြစ်တွေတင်နေတာနော် ဟွန့်..."

"ခစ်..ခစ်.. ။ဒါနဲ့ဖေဖေတို့က နေ့လည်မပြန်ကြဘူးလား"

"မပြန်ကြဘူး ရုံးကန်တင်းမှာပဲ ဝင်စားကြတာ။ လွန်းနိုင်လေးက ဂျေးများတတ်​ေတာ ့တစ်ခါတစ်လေအိမ်ပြန်စားဖြစ်တယ် ဒါနဲ့သားရွန်ကရော..."

ေမာင့်အကြောင်းမေးလာတော့ လိုင်းပထမဆုံးအကြိမ် မောင့်ကို ထမင်းချိုင့်သွားပို့သည့်အချိန်တုန်းက အကြောင်းအရာတွေကမျက်လုံးထဲပုံပေါ်လို့လာသည်။ လိုင်းအပေါ်မှာ ချွေးတပြိုက်ပြိုက်နှင့် အားသွန်ခွန်စိုက်လှုပ်ရှားနေသည့်ေမာင်က လိုင်းမျက်လုံးထဲမှာတော့ ယောက်ျားပီသလွန်းခဲ့တာ။ နာကျင်နေရပေမယ့်၊ နာကျင်လွန်းလို့ မျက်ရည်တွေကျခဲ့ရတဲ့အထိဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကျွမ်းကျင်လွန်းတဲ့မောင့်ကြောင့်  သာယာမှုရခဲ့သည်သာ။

ထမင်းချိုင့်ကို ထိုနေ့တစ်နေ့တည်း ပို့ဖြစ်ခဲ့သည်။ ထိုနေ့ကအကြောင်းစဥ်းစားမိတော့ပြုံးယောင်သန်းသွားသည့်လိုင်းကို မေမေကဆက်မမေးတော့ဘဲ စာအုပ်ကိုချကာ ခုံပေါ်ထိုင်နေရာမှထရပ်လိုက်ပြီး...

Love me vampireWhere stories live. Discover now