part-16(unicode)

317 14 2
                                    


အချိန်အားဖြင့်မနက်7နာရီခန့်တွင်လိုင်းနိုးလာခဲ့သည်။ဘေးတွင်နဂ္ဂရွန်ကမရှိတော့။ထူးဆန်းသည်တော့ပြောရမည်။ခါတိုင်းဆို လိုင်းထက်အိပ်ယာထနောက်ကျတတ်သည့်သူက ယခုများတော့စောစောထလို့။ညကလိုင်းရှက်ရှက်နှင့် အိပ်ခန်းဝင်လာခဲ့ပြီး ခေါင်းအုံးပေါ် ခေါင်းချရုံနဲ့အိပ်ပျော်သွားခဲ့သည်။သူဘယ်အချိန်ဝင်အိပ်လဲဆိုတာတောင်မသိတော့သည့်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။

လိုင်းကုတင်ပေါ်မှကုန်းရုံးထကာ ဝရန်တာဘက်ခဏထွက်လာခဲ့လိုက်သည်။မနက်ခင်း၏လေပြေနုနုကလေးက လိုင်းကိုစိတ်ကျေနပ်မှုရှိစေသည်။ဝရန်တာမှတစ်ဆင့်မြင်နေရသည့် စိမ်းနုရောင်စားကျက်ကွင်းဟာ မျက်စိတစ်ဆုံးတည်ရှိနေ၏။စံအိမ်နှင့်အတော်လှမ်းသည့် စားကျက်ကွင်းနှင့်ကပ်လျက်တွင် စပျစ်ခင်းရှိသည်ဟု အိမ်တော်ထိန်းမှတစ်ဆင့်သိရသည်။

သို့သော်လည်းဤနေရာမှကြည့်လျှင် မြင်ကွင့်တို့ကသိပ်မသဲကွဲချေ။လက်နှစ်ဖက်ကိုဆန့်တန်းပြီး မျက်ဝန်းအစုံကိုမှိတ်ကာ နေရောင်ခြည်နွေးနွေးနှင့် လေပြေနုနုလေးတို့ကို တစ်ဝကြီးရှူရှိက်လိုက်သည်။နှုတ်ခမ်းထက်တွင်လည်း ကျေနပ်သောအပြုံးလေးကထင်းနေလျက်။မျက်ဝန်းတို့ကိုဖွင့်ကာ အခန်းထဲ​ြပန်ဝင်လာခဲ့လိုက်သည်။

ပြီးမှရေချိုးခန်းထဲဝင်လာပြီးမှ မျက်နှာသစ်၊သွားတိုက်ခြင်းအမှုကိုပြုရ၏။ထိုအမှုကိုပြုပြီးတော့ရေချိုးခြင်းအမှုကိုပြုရပြန်သည်။ဗန်ပိုင်းယားကောင်က စပျစ်ရနံ့ကိုတော်တော်ကြိုက်ပုံရသည်။ရေချိုးခန်းပစ္စည်းတွေအကုန်လုံးက စပျစ်နှင့်ပြုလုပ်ထားသည့်အရာတွေချည်းသာ။ ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်၌အရန်သင့်ရှိနေသည့် အဝတ်အစားများ။

"သူထုတ်သွားပေးတာလား ထူးထူးဆန်းဆန်း"

အဝတ်အစားတွေကိုကြည့်ကာလိုင်းရေရွတ်မိသည်။ကုတင်ပေါ်တင်ကျန်နေသည့် ေသးငယ်သည့်အရာလေးကိုကြည့်မိတော့ မျက်နှာကရဲခနဲ။

"ဗန်ပိုင်းယားကောင် ဒါကြီးကိုတော့ထုတ်သွားပေးစရာလား ငါ့ကိုများသုံးနှစ်သားကလေးမှတ်နေလားမသိဘူး"

Love me vampireWhere stories live. Discover now