part_7(zawgyi)

91 1 0
                                    

companyတစ်ခုထဲသို့ ယူနီဖောင်းဝတ်ထားသောရဲလေးဦးနှင့် တီရှပ်ပြောင်ပေါ်တွင်ဂျာကင်ကိုထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီဒူးပြဲနှင့်လူတစ်ယောက်ဝင်လာသည်နှင့် companyထဲရှိလူများသည်လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။

လွန်ခဲ့သည့်ငါးရက်တုန်းက ဤcompanyထဲတွင်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့လေသည်။သေဆုံးသွားသည့်သူမှာ companyမှလူတွေလေးစားရသည့် MDဖြစ်၏။သေဆုံးချိန်မှာ ည9နာရီဖြစ်သည်မို့ ရုံးတွင်မည်သူမှမရှိတော့။

ထို့အပြင်cctvမှတ်တမ်းတွေကပါဖျက်ခံထားရသည်မို့ တရားခံကိုရှာမတွေ့။ဓားနှင့်အထိုးခံရထားရသည့်အပြင် ညာဘက်လက်ပါကျိုးနေ၏။လက်ဗွေရာရလျှင်တရားခံကိုလွယ်ကူစွာရှာနိုင်လိမ့်မည်ဖြစ်သော်လည်း ဓားတွင်MD၏လက်ဗွေရာမှလွဲ၍ ဘာမှရှိမနေ။

တစ်ရုံးလုံးကလူတွေက လေးစားရသူမို့ရန်သူလည်းရှိမနေ။စကားအချေအတင်ဖြစ်ဖူးသည့်လူတွေကို စစ်ဆေးကြည့်သော်လည်း ထိုညကဝန်ထမ်းအသစ်အား ကြိုဆိုသည့်အနေနှင့် ဆိုင်တွင်စားသောက်ပွဲကျင်းပခဲ့ကြပြီး အကုန်လုံးည12နာရီလောက်မှသာပြန်ဖြစ်ခဲ့ကြသည်ဟုသိရ၏။

သံသယဖြစ်ဖွယ်လူဟူ၍ မည်သူကိုမျှမတွေ့ခဲ့ရ။ယခုcompanyထဲသို့ ရဲတွေဝင်လာသည်ကိုကြည့်ခြင်းအားဖြင့် တရားခံကcompanyထဲကလူဖြစ်နေမည်မှာ ဧကန်ပင်။ဘယ်သူဖြစ်မလဲဆိုတာကိုအားလုံးလည်း စိတ်ဝင်စားနေကြ၏။

သုံးလွှာသို့liftမှတစ်ဆင့်တက်လာခဲ့ပြီး အခန်းတစ်ခုရှေ့အရောက်တွင်အရပ်သားဝတ်စုံနှင့်လူက တံခါးကိုသုံးချက်ဆင့်ခေါက်လိုက်သည်။

"ဝင်ခဲ့ပါ"

အထဲမှတုန့်ပြန်သံကြားလိုက်သည်နှင့် ဘုန်းကိုကိုတစ်ချက်ပြုံးလိုက်မိသည်။ထို့နောက်တံခါးအားဖွင့်ပြီးအထဲသို့ဝင်သွားလိုက်ကာ ရှေ့မှလူအားလက်ဆွဲနှုတ်ဆက်လိုက်၏။နှုတ်ဆက်ခံလိုက်ရသောသူကလည်း ကြောင်အနေ၏။

"နေပါအုံးမောင်ရင်ကဘယ်သူလဲ ဘာလို့လာနှုတ်ဆက်နေရတာလဲ ပြီးတော့ရဲတွေကရော"

"ဟုတ်ကဲ့ကျွန်တော်က မှုခင်းရဲတပ်ဖွဲ့က ဒုရဲအုပ်ဘုန်းကိုကိုပါခင်ဗျ ဒီကလူကြီးမင်းကို လွန်ခဲ့တဲ့ငါးရက်တုန်းက MDကိုသတ်ပြီးဓားတန်းလန်းနဲ့ထားခဲ့တဲ့အတွက်လာရောက်ဖမ်းဆီးခြင်းဖြစ်ပါတယ်ခင်ဗျ နောက်ထပ်တစ်မှုက companyရဲ့ငွေတွေကိုအလွဲသုံးစားလုပ်မှုနဲ့ပါခင်ဗျ နောက်ပြီးcctvမှတ်တမ်းတွေကို ဖျက်ရုံတင်အားမရလို့ ဖျက်ဆီးခဲ့တဲ့အမှုရောပါ,ပါတယ်ခင်ဗျ "

Love me vampireDonde viven las historias. Descúbrelo ahora