part-1(unicode)

1.1K 37 6
                                    

ဆေးရုံကြီးတစ်ခုတွင်ဖြစ်သည်။လိုင်းဆေးရုံတွင်တာဝန်ကျသည်မှာ တစ်နှစ်ကျော်အချိန်ကိုပင် ရောက်လာပြီ။ထိုတစ်နှစ်ကျော်အတွင်း လိုင်းအတွက်တော့ဆေးရုံက ဝန်ထမ်းများနှင့် ပေါင်းသင်းဆက်ဆံရေးမှာ ထင်ထားသည်ထက် ပို၍အဆင်ပြေခဲ့သည်။

အပေါက်ဆိုးသည့် ဆရာဝန်ကြီးများနှင့်ပင် တည့်အောင်ပေါင်းနိုင်၏။ လူငယ်များကြားတွင်လည်း ရုပ်ချောပြီးသဘောကောင်းသူဟု နာမည်ကြီးသူတစ်ယောက်။

(လိုင်းက စာလုံးပေါင်းမှားတာ မဟုတ်ပါဘူးနော် ရေလှိုင်းလိုမျိုးမဟုတ်ဘဲ မျဥ်းလိုင်းဆိုတဲ့သဘောမျိုးပြောချင်တာပါ။)

လိုင်းဒီနေ့လည်း အရေးပေါ်ကုသဆောင်တွင် ထုံးစံအတိုင်းအလုပ်များနေ၏။ဆေးမှတ်တမ်းနှင့်အလုပ်ရှုပ်နေသည့် လိုင်းကဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်အား။အေးစက်သောအထိအတွေ့က ပါးပြင်ပေါ်ရောက်လာမှ လိုင်းပြုံးလိုက်မိသည်။

" မ "

လိုင်းမော့မကြည့်တောင် မ,မှန်းသိသည်။လိုင်းပါးကို ကော်ဖီအေးနှင့် ထိတွေ့ပေးတတ်သည့်သူက မတစ်ယောက်သာရှိသောကြောင့်။

"မောင်နော် မ,လာတိုင်း ဘယ်တော့မှမသိဘူး ဒီလိုနဲ့မ,စိတ်ကုန်သွားရင် ဘယ်လိုလုပ်မလဲ"

"မောင့်ကိုစိတ်ကုန်ရက်တယ်ပေါ့လေ"

"အဲ့တာတွေနဲ့ပဲလူကိုရှုပ်နေနော်ရော့ ေကာ်ဖီအေးသောက်လိုက်အုံး ဂျူတီကပြီးတော့မှာမလား "

လိုင်းကကော်ဖီဘူးကိုယူကာ

"အင်း ပြီးတော့မှာတစ်နာရီလောက်ပေါ့"

"ဟွန့်! ဟိုတစ်ယောက်ကအခွင့်အရေးယူတော့မှာ"

"မတွေ့ချင်တာလည်းမဟုတ်ဘဲနဲ့ သွားတော့နောက်တစ်နာရီမှတွေ့မယ် မမချစ်မှူးဗျ"

"ဟွန့်!"

ဆေးအကူဖြင့်ရဲနေသည့်နှုတ်ခမ်းလွှာတို့ကို ဆူကာ စိတ်ကောက်ဟန်ဖြင့် ခြေကိုဆောင့်ထွက်သွားသည့် မ,ကချစ်ဖို့ကောင်းလွန်းသည်။သားဖွားဆောင်တွင် တာဝန်ကျသည့်ချစ်မှူးက မောင့်ကိုစိတ်မချလို့ ဆိုသည့်အကြောင်းပြချက်ဖြင့် ခဏခဏရောက်လာတတ်သည်။

Love me vampireOnde histórias criam vida. Descubra agora