part-37(zawgyi)

60 1 0
                                    

လိုင်းကျောကဒဏ်ရာတွေ မသက်မသာမချင်းမောင်က နေ့တိုင်းဆေးလိမ်းပေးခဲ့သည်မှာ ဒဏ်ရာတွေသက်သာသွားတဲ့အထိ။အမာရွတ်ကျန်ထားခဲ့မယ်လို့ ထင်ထားခဲ့ပေမယ့် အမာရွတ်တော့ကျန်မထားချေ။အဲ့ဒီညက အားမွေးပြီးတော့ဖွင့်ပြောခဲ့ပေမယ့် အခုချိန်ထိမောင့်ဘက်က အဖြေအတိအကျမသိရသေးပေ။ဒါပေမယ့် ခဏခဏလူကိုအသားယူပြီး လာလာနမ်းတာတော့ မကြာခဏပင်ဖြစ်သည်။ဖွင့်ပြောတာ သူလားကိုယ်လားမသဲကွဲ။သို့သော်လည်း မောင့်နှုတ်ခမ်းတွေကို နမ်းရှိုက်ရတာကိုတော့သိပ်သဘောကျရတာပါပဲ။

ဒဏ်ရာမပျောက်မချင်း အပြင်မထွက်ခိုင်းသဖြင့် အိမ်ထဲမှာနေရတာမွန်းကြပ်လှသည်။ဒီနေ့တော့ဒဏ်ရာတွေလည်း အရှင်းပျောက်နေပြီမို့ ဦးနောင်တို့ကော်ဖီဆိုင်ကိုသွားရန် တွေးမိသည်။အားလုံးပြင်ဆင်ပြီးတော့မှ အိမ်မှာစီးလို့ရတာဆိုလို့ စက်ဘီးတစ်စီးတောင်မရှိ။နေပါအုံး ဒီအိမ်ကြီးထဲမှာ အရင်ကတစ်စီးပြီးတစ်စီး တန်းစီနေတဲ့ကားတွေက ဒီနေ့မှဘယ်ရောက်ကုန်ရတာလဲ။

ွအစ်ကိုမင်းမောင်နဲ့လွန်းစစ်မေက အီတလီကိုမပြန်တော့ဘဲ မြန်မာပြည်မှာသာ ကလေးမွေးပြီးတဲ့အထိနေကြဖို့ဆုံးဖြတ်ထားသည်။သွေးမဟော်မှာတော့ မနေဘဲအိမ်ခွဲနေကြလေသည်။ထို့ကြောင့်လည်း ကားမရှိခြင်းလား။ဒါဆိုမောင့်ကားကရော။မောင့်ကားတော့ရှိနေရမှာမဟုတ်လား။ဒါပေမယ့်အရိပ်အယောင်တောင် မတွေ့ရတဲ့မောင့်ကားက ဘယ်ချောင်ထဲရောက်နေမှန်းမသိ။အခုချိန်ထိအိပ်ပျော်နေတဲ့လူကို မနိုးချင်လို့တစ်ယောက်တည်းထွက်ဖို့ကြံကာမှ ဒီလိုဖြစ်ရတယ်လို့။

အိမ်အပြင်ဘက်ရောက်နေသည့် လိုင်းခြေလှမ်းတွေက အိမ်ထဲကိုပြန်ဦးတည်လာ၏။အိမ်ပေါ်တက်ဖို့လှေကားဆီလျှောက်လာတော့ အထုတ်အပိုးတွေနှင့်ဦးပုကိုတွေ့လိုက်ရသည်။

"ဦးပု အထုတ်အပိုးတွေနဲ့ဘယ်သွားမလို့လဲဟင်!"

"အိမ်ကနေသုံးရက်လောက် မောင်းထုတ်ခံရလို့"

"ဗျာ! ဘယ်သူကမောင်းထုတ်တာလဲ ဒီအိမ်မှာဦးပုကို မောင်းထုတ်နိုင်တဲ့သူဆိုလို့ မောင်တို့ပဲရှိတာလေ။ အစ်ကိုနွန်နဲ့လွန်းနဲ့ကအိမ်မှာမရှိဘူးဆိုတော့ မောင်ကမောင်းထုတ်တာလား"

Love me vampireOnde histórias criam vida. Descubra agora