part-56(zawgyi)

27 0 0
                                    

တီ!တီ!တီ!

ဝူးးးး

"ဟ...ကားကို ဘယ်လိုမောင်းနေတာလဲကွ! သေချင်နေလို့လား"

ထိုလူကြီး၏ အသံအား ကြားပုံမရသည့် ခရမ်းရောင်ကားလေးဟာ လမ်းမထက် လျင်မြန်သောအရှိန်နှင့် မောင်းနှင်နေ၏။ မောင်းနေသူဟာလည်း တုန်လှုပ်ခြောက်ခြားနေသည်မှာ ဇောချွေးတွေပင် ထွက်နေရကာ ဟွန်းကိုသာ အဆက်မပြတ်တီးရင်း ရှေ့မှကားများကို ကျော်တက်နေမိသည်။

"လိုင်းလေးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ချင်ရင် အမြန်လိုက်သွား"

ထိုအသံကသာ ရွန်၏နားထဲ ထပ်ခါတလဲလဲ ကြားယောင်နေမိ၏။

နောက်ဆုံး....။
အဲ့ဒီစကားက ဘာကိုပြောချင်တာလဲ။ ဘာလို့ယန်က သူ့နဲ့သားလေးရဲ့ ဘဝထဲကနေ ထွက်သွားရမှာလဲ။ ဒီနေ့က သားလေးရဲ့မွေးနေ့လေ။ လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ သူတို့တွေ အပျော်ဆုံး ဖြစ်ခဲ့ကြတာမဟုတ်လား။ ဘာလို့ချက်ချင်းကြီး ဒီလိုကိစ္စတွေက ဖြစ်လာရတာလဲ။ ပြီးတော့ အဲ့ဒါကလည်း သူ့ကြောင့်ပါတဲ့လေ။

"မဖြစ်ဘူးနော်ယန်။ သားက ခင်ဗျားကို မောငျ့ထကျပိုလိုအပျတာမို့ ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့ကွာ။"

အသံလှိုင်းတွေက တုန်ရီနေစွာ သူဆိုမိပြန်၏။

ကျွီး~~~။

ဆင်ဝင်အောက် ကားကိုအမြန်ထိုးရပ်ကာ ယန့်ကို အမြန်ရှာဖွေမိသည်။ တစ်အိမ်လုံးက မှောင်မိုက်နေကာ လ၏အလင်းရောင်ဖျဖျက
လေးကသာ အိမ်ထဲဖြန့်ကျက်ထား၏။အိပ်ခန်းဘက်မှ အပြာရောင်အလင်းအချို့ကို မြင်လိုက်ရသဖြင့် ရွန်ထိုနေရာသို့ အလောတကြီးသွားမိသည်။

ဒုတ်!

အလင်းရောင်မှိန်မှိန်ကြား အလျင်စလိုသွားရသဖြင့် ခြေထောက်က ဘာကိုတိုက်လို့ တိုက်မိမှန်းမသိ။ တိုက်မိလိုက်သည့်ခြေထောက်ကိုလည်း ဂရုမစိုက်အားဘဲ အခန်းထဲရောက်အောင်သာ အမြန်သွားမိ၏။ ပွင့်နေသည့် တံခါးမှတစ်ဆင့် အခန်းထဲဝင်လိုက်တော့ တစ်ခန်းလုံး ပိုးစုန်းကြူးအပြာလေးတွေက နေရာယူထားသည် ။ ရွန်အပြေးသွားကာ လိုင်းကိုပွေ့ဖက်လိုက်မိသည်။

Love me vampireWhere stories live. Discover now