part-44(zawgyi)

21 0 0
                                    

ring~~ring~~ring

အဝတ်လဲခန်းထဲ အဝတ်လဲနေသည့် အိုင်ယန်လိုင်းသည် ဖုန်းသံကြောင့် တီရှပ်ကိုအမြန်လျှိုလိုက်ကာ ဖုန်းကိုကောက်ကိုင်လိုက်ရသည်။ ဖုန်းနံပါတ်က contactမှတ်ထားခြင်းမရှိသည့် နံပါတ်ဖြစ်နေ၏။

"ဟယ်လို..ဘယ်သူလဲမသိဘူး"

"Dr.အိုင်ယန်လိုင်းဟုတ်ပါသလားရှင့်"

"ဟုတ်ကဲ့ ကျွန်တော်အိုင်ယန်လိုင်းပါ..အဲ့ဒီဘက်က ဘယ်သူလဲမသိဘူးနော်"

"ဟုတ်ကဲ့ရှင့် အစ်ကိုအလုပ်လျှောက်ထားတဲ့ Vဆေးရုံကနေ သတင်းကောင်းလေးပြောဖို့ ဆက်သွယ်လိုက်ရတာပါ။ လကုန်တာနဲ့ကျွန်မတို့ရဲ့Vဆေးရုံမှာ အလုပ်ဆင်းလို့ရပြီဖြစ်တဲ့အကြောင်း ဆက်သွယ်လိုက်ရတာပါရှင့်။ အဲ့တာ အတည်ပြုလက်မှတ်ထိုးဖို့ ဒီနေ့ဆေးရုံကို လာပေးလို့ရနိုင်မလားရှင့်"

လိုင်းပျော်လွန်း၍ ဘာမှပင်မပြောနိုင်တော့ပေ။ မောင်ကလိုင်းကို ကျောင်းဆက်တက်စေပြီး ဆေးရုံထောင်ပေးမယ်ပြောပေမယ့် ထိုသို့လည်းမလုပ်ချင်။ ရှယ်ယာဝင်ထားသည့် ဆေးရုံတစ်ခုမှာ နေရာတစ်ခုရအောင် စီစဉ်ပေးမယ်ပြောနေပေမယ့် အကပ်နဲ့ဝင်လာသည်ဟု အပြောခံရမှာလည်းစိုးသည်။လိုင်းထိုသို့အပြောခံရပါက မောင်ကငြိမ်နေမည့်လူစားမဟုတ် ။ ထိုအခါ နောကျဆကျတှဲဖြစ်လာမည့်ပြဿနာတွေက တန်းစီနေပေလိမ့်မည်။

ထို့ကြောင့် မောင်နှင့်ကင်းသည့် Vဆေးရုံ၌ အလုပ်လျှောက်ခဲ့ခြင်းပင်။ အခုတော့ လိုင်းအရည်အချင်းနဲ့ အလုပ်တစ်ခုရခဲ့ပြီဖြစ်သည်။ ကိုယ့်အရည်အချင်းနဲ့ရခဲ့တဲ့ အလုပ်တစ်ခုက ဒီလောက်ထိပျော်ရလိမ့်မယ်လို့ မထင်ထားခဲ့သည်မှာအမှန်။

"ဟယ်လို...ဟယ်လို ကြားရရဲ့လားမသိဘူးရှင့် ဟယ်လို..."

"ဟုတ်ကဲ့ကြားရပါတယ်...ကျွန်တော်အပျော်လွန်သွားလို့ပါ..။"

"ဟုတ်ပါပြီရှင်...ကျွန်မက ဖုန်းလိုင်းမကောင်းဘူးထင်သွားတာ။ ဒီနေ့အတည်ပြုလက်မှတ်ထိုးပေးဖို့ လာနိုင်လားမလာနိုင်လားဆိုတာလေး သိလို့ရမလားရှင့်"

"ဟုတ်ကဲ့...ကျွန်တော် ဆက်ဆက်လာခဲ့ပါမယ်"

"ဒါဆိုဒီလောက်နဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်ရှင့်...ဆေးရုံမှာ အလုပ်ဆင်းတဲ့အခါ ပြန်တွေ့ကြမယ်နော်"

Love me vampireWhere stories live. Discover now