part-23(zawgyi)

55 2 0
                                    

ဆိုင်ကိုရောက်သည်နှင့် ပထမဦးဆုံးလုပ်ရသည်က အော်ဒါမှာထားသည့်စာရင်းတွေအား ရှေးဦးစွာစစ်ရသည်ပင်။မဟုတ်လျှင် မှာယူသူများထံမှ ကွန်ပလိန်းတတ်နိုင်သည်မို့။စိုင်းထက်လေးက ရောက်ကတည်းနဲ့ အနားယူခန်းကိုတန်းဝင်သွားပြီး TVကြည့်ကာ ဇိမ်ကျနေပြီဖြစ်သည်။ဘေးတွင်လည်း ဘလူးဘယ်ရီယိုအပြည့်နှင့် ကိတ်မုန့်တစ်လုံးကမပါမဖြစ်။ထမင်းစားပြီးပြီဖြစ်သော်လည်း အချိုတည်းရန်ဟုဆိုကာ မှန်တိုက်တွင်ထည့်ထားသည့် ကိတ်မုန့်များထဲမှ စိတ်ကြိုက်ယူထုတ်သွားခြင်းပင်။

နောင်ကတော့ ကော်ဖီဖျော်သည့်နေရာတွင်မဟုတ်ဘဲ အနားယူခန်းဘေးရှိ kitchenထဲ၌ မီနူးအသစ်စမ်းလုပ်ကြည့်ရန်အလုပ်ရှုပ်နေ၏။နွန်သည်လည်း အော်ဒါစာရင်းကိုသေချာစစ်ပြီးသည်နှင့် မှာထားသည့်ကော်ဖီအမျိုးအစားအလိုက်ဖျော်လိုက်ပြီး တစ်ခါသုံးခွက်လေးတွေနှင့် ထည့်လိုက်သည်။အားလုံးပြီးစီးသွားတော့မှ ပို့ဆောင်ရန် ဝန်ထမ်းတစ်ဦးအားခေါ်ရတော့သည်။

အနားတွင်တစ်ယောက်မှရှိမနေတာကြောင့် အပေါက်ဝနားတွင်စားပွဲရှင်းနေသည့် ဝန်ထမ်းအားခေါ်ယူမည်အလုပ်တွင် မျက်လုံးထဲဝင်ရောက်လာသည့် အရပ်ရှည်ရှည်နှင့် ကောင်လေးတစ်ယောက်။ဖျက်ခနဲမြင်လိုက်ရသည့်မျက်နှာက ရွန်နှင့်အတော့်ကိုတူလွန်းသည်။ထိုကောင်လေးက အမျိုးသမီးတစ်ဦးထိုင်နေသည့် ဝိုင်းသို့သွားလိုက်ပြီး အမျိုးသမီးအားနှုတ်ဆက်ကာ ထိုင်ခုံဆွဲယူပြီးဝင်ထိုင်လိုက်သည်အထိ နွန်လိုက်ကြည့်နေမိ၏။

သို့သော်လည်းမဖြစ်နိုင်ဘူးဆိုသည့်အတွေးက ဝင်လာသဖြင့် ခေါင်းတစ်ချက်ယမ်းကာ ဝိတ်တာလေးကိုသာလှမ်းခေါ်လိုက်ရတော့သည်။အနားရောက်လာသည့် ဝိတ်တာ
လေးအား..

"နေရှင်း ဒါလေးတွေကို သွားပို့ပေးလို့ရမလား"

"ဘယ်ကိုပို့ရမှာလဲ အစ်ကိုနွန် နည်းနည်းများတယ်ဆိုတော့ တစ်ယောက်ကိုခေါ်သွားလို့ရမလား"

"ရတယ်လေ အဆင်ပြေမယ့်သူကိုခေါ်သွားလိုက်"

"ဟုတ်ကဲ့ ဟိုဒါဆိုရင်...ကျွန်...ကျွန်တော် မွန်းလေးကိုခေါ်သွားလိုက်မယ်နော်"

Love me vampireWhere stories live. Discover now