part-43(unicode)

112 6 0
                                    

"အင်း~~~"

လိုင်းသည် အိပ်ယာထက်၌ လူးလှိမ့်ရင်းဖြင့် နိုးလာခဲ့၏။မျက်လုံးအစုံက မပွင့်သေးသော်ငြားလည်း ဘေးဘီဝဲယာကို လက်ဖြင့် စမ်းသပ်ကာ မောင့်ကို ရှာဖွေနေမိသည်။ခါတိုင်းနိုးထနေကျ မနက်ခင်းတွေလို မောင်ကလိုင်းဘေးမှာရှိမနေခဲ့ပါ။ထိုအစား နွေးထွေးမှုမရှိဘဲ အေးစက်နေသည့် မောင့်ရဲ့ကိုယ်ပိုင်နေရာလေးကသာ နေရာယူထား၏။

ညက မောင်နဲ့စကားများခဲ့ကြသေးတာပဲ...။ပြီးတော့ မောင့်ကိုဖက်ပြီး စကားတွေပြောနေရင်းနဲ့ အားအင်တွေ ယုတ်လျော့လာသလိုခံစားလာရသည့်အထိတော့ မှတ်မိပေမယ့် ကျန်တာကိုတော့ မမှတ်မိတော့ချေ။ဒါဆိုမောင်ကဒီမှာမအိပ်ခဲ့ဘူးလား..။အိုင်ယန်လိုင်းသည် ခေါင်းအုံးပေါ်ခေါင်းချထားရာမှ  ဆတ်ခနဲထထိုင်လိုက်ကာ နဂ္ဂရွန်အား အကြည့်တို့ဖြင့် ရှာဖွေလိုက်မိပေမယ့်  အရိပ်အယောင်ပင်မတွေ့ရချေ။

"မောင်ကဒီမှာမအိပ်ခဲ့ဘူးလား"

နွမ်းလျစွာ ရေရွတ်လိုက်မိရင်း နေရောင်ခြည်တွေ ထိုးဖောက်ဝင်ရောက်နေသည့် ဝရံတာတံခါးပေါက်ရှိရာဘက်သို့ အကြည့်ရောက်လိုက်မိ၏။ ထိုစဥ် ဆေးလိပ်ငွေ့ဖြစ်ပုံရသည့် အငွေ့တွေနှင့်အတူ လိုင်း၏မြင်ကွင်းထဲရောက်လာသည့် ရွန်ဟာအပေါ်ပိုင်းဗလာဖြစ်နေပြီး ဆေးလိပ်ဖွာရှိုက်ရင်းနှင့် လက်တစ်ဖက်ကိုလည်း ခါးတွင်ထောက်ထားသေးသည်။ရွန်ကိုမြင်လေတော့ လိုင်းသည်ဝမ်းသာအားရနှင့် ကုတင်ပေါ်မှပြေးဆင်းလိုက်၏။

"မောင်!"

ခြေလှမ်းတွေက မောင့်ထံရောက်လုဆဲဆဲ၌  ခွေကျသွားရလေသည်။

"ကျစ်!ဂရုမစိုက်ပြန်ဘူးကွာ"

ရွန်ဟာ လက်ထဲမှ မီးအနည်းငယ်ရဲနေသေးသည့် ဆေးလိပ်အား ဆေးလိပ်ပြာခွက်ထဲပစ်ထည့်လိုက်ပြီးမှ လိုင်းကိုဆွဲထူလိုက်ရင်း ရှုပ်ပွနေသည့်လိုင်းဆံပင်တွေအား ညာဘက်လက်ဖြင့်ထပ်ဖွလိုက်လေသည်။ဒီလိုဆိုရင်တော့ အခြေအနေက သိပ်မဆိုးသေးဘူးမလား။

"ထိုင်!"

မောင်ခိုင်းတဲ့အတိုင်း ကုတင်ပေါ်ထိုင်ချလိုက်တော့ မောင်ကကြမ်းပြင်ပေါ်ခြေတစ်ဖက်ထောင်ကာထိုင်ချလိုက်ပြီး...

Love me vampireDove le storie prendono vita. Scoprilo ora