part-17(unicode)

327 13 0
                                    


ပင်မစံအိမ်ရောက်ပြီး သုံးရက်....

ပြတင်းပေါက်မှတစ်ဆင့် စံအိမ်၏အရှေ့ဘက်ခြမ်းကိုကြည့်နေမိသည်။အတော်အသင့်ကြီးတဲ့ ရေပန်းတစ်ခုကစံအိမ်အရှေ့တွင် ထည်ဝါစွာတည်ရှိနေ၏။ဒီနေရာက မြို့ထဲမှာဖြစ်သော်လည်း အလွန်ကျယ်ဝန်းသည့်ခြံကြောင့် တစ်အိမ်နှင့်တစ်အိမ်က ဝေးကွာနေသလိုခံစားရသည်။

အပြင်ဘက်ကအနည်းငယ်ပင်မှောင်ရီပျိုးလုပြီ။လိုင်းဒီမှာနေရတာတစ်ကယ်ကို သဘောမကျတာ။မချစ်မှူးနဲ့ အစ်ကိုတို့က ထိုနေ့ကတည်းကမြန်မာကိုပြန်သွားပြီဖြစ်၍ ဒီကိုပါမလာခဲ့။

မြန်မာကိုပြန်တာမဟုတ်ဘဲ ကိုင်းရဲ့လူတွေလာခေါ်သွားတာကိုတော့ အျုင်ယန်လိုင်းတစ်ယောက်မသိခဲ့ချေ။

ပျင်းပျင်းနှင့် တစ်နေကုန်အိပ်နေလိုက်သည်မှာညနေစောင်းမှပြန်နိုးလာသည့်အဖြစ်။အိပ်ယာထ ရေချိုးပြီးတော့လည်း ထမင်းစားချင်စိတ်မရှိတာကြောင့် အခန်းထဲမှာသာနေနေခြင်းပင်။ဒီရောက်ပြီးကတည်းကနဂ္ဂရွန် အိမ်ပြန်အိပ်သည်မှာတစ်ရက်သာရှိသေးသည်။မနေ့ကလည်းပြန်ရောက်မလာ။သိစိတ်ကနေပြန်မလာလေကောင်းလေဆိုပေမယ့် မသိစိတ်ကလည်းမျှော်နေမိသည်။

တံခါးဖွင့်သံကြားလိုက်ရသည်မို့လှည့်ကြည့်လိုက်တော့ ဝင်လာတဲ့သူကနဂ္ဂရွန်။သူကလိုင်းကိုတစ်ချက်ဝေ့ကြည့်ပြီး ရေချိုးခန်းထဲတန်းတန်းမတ်မတ်ဝင်သွားသည်။အခုလိုတွေ့လိုက်ရတော့လည်း စိတ်ထဲကျေနပ်မိသယောင်။

ရေချိုးပြီးပြန်ထွက်လာတဲ့သူက အောက်ပိုင်းကိုသဘက်တစ်ထည်ဖြင့်သာ ပတ်ထား၏။ခတ်လျော့လျော့ဖြစ်နေတဲ့ သဘက်အပေါ်နားမှာပေါ်နေတဲ့ Vလိုင်းဖြစ်နေတဲ့နေရာကိုကြည့်မိတော့ လိုင်းမျက်နှာလွှဲလိုက်မိရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။

ဟူး...ပူလိုက်တာရေချိုးပြီးတာတောင်ဘာလို့ပူနေရတာလဲ...။

"ဟေ့! အိုင်ယန်လိုင်း"

"အင်း"

"ကျစ်!"

သူခေါ်တာကိုလှည့်မကြည့်ဘဲ ပြန်ထူးတော့စုတ်သပ်သံကိုကြားလိုက်ရသည်။ပြီးတော့အနားကိုလျှောက်လာတဲ့ခြေသံကြောင့် လိုင်းအသက်ရှူသံပါမြန်လာရတဲ့အထိ။မတွေ့တာကြာတော့ နည်းနည်းအနေခက်နေတာဖြစ်မည်။

Love me vampireWhere stories live. Discover now