part-3(unicode)

521 23 5
                                    


"you channelမှ အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် ညနေခင်းသတင်းကိုတော့ ကျွန်တော်မင်းသူနဲ့.."

"ကျွန်မ အိမ့်ယုတို့ကတင်ဆက်ပေးမှာပဲ​ြဖစ်ပါတယ်ရှင်"

"ဒီနေ့တင်ပြပေးမှာတွေကတော့..."

"ခေတ်ဆေးရုံမှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုနဲ့ဘပက်သက်ပြီး ဆေးရုံအုပ်နဲ့တွေ့ဆုံတဲ့သတင်း၊ ဒီကနေ့ နေ့လည်အစောပိုင်းမှာ ထူးခြားတဲ့အလောင်းကောင်တွေ့ရှိမှုသတင်း၊ ကချင်ပြည်နယ်မှာရှိတဲ့ သစ်တောကြီးတွေပျက်တုန်းလာပြီဆိုတဲ့ပြည်တွင်းသတင်းတွေနဲ့အတူ..."

"နိုင်ငံတကာ သတင်းတွေကိုတင်ပြပေးသွားမှာပဲ​ြဖစ်ပါတယ်ခင်ဗျာ"

TVမှတိုက်ရိုက်ထုတ်လွှင့်နေသော သတင်းအစီအစဥ်အား စိတ်ပျက်သလိုကြည့်နေမိသည်။ခေတ်ဆေးရုံတွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်မှာ ရွန်၏လက်ချက်မကင်းဘူးဟု ဦးမြင့်ထွေးထင်နေမိသည်။အဘယ်ကြောင့်ဆိုသော် ရွန်တစ်ခါပြောဖူးသည်။ခေတ်ဆေးရုံက သာမန်ဆေးရုံနဲ့မတူဘူးဟူ၍။

ဒါဆိုတစ်ကယ်ပဲ ခေတ်ဆေးရုံကထူးခြားနေခဲ့တာလား။ဘာကြောင့်ဖောက်ခွဲပစ်တယ်ဆိုတာ အကြောင်းပြချက်ရေရေရာရာမရှိလို့တော့မဖြစ်။ဒီကိစ္စကဒီအတိုင်းပြီးတော့မှာတော့မဟုတ်။ရွန့်အတွက် ခြေရာဖျောက်လိုက်ဆိုတာ လွယ်ကူနေသော်လည်း သူတို့ဘက်ကစုံစမ်းမိသွားရင်ရော။

အဲ့လိုသာ ဖြစ်ခဲ့ရင်ရွန့်အထောက်အပ့ံကိုယူထားသည့် သူကရော ဘယ်လိုဖြစ်သွားလောက်လဲ။ရွေးကောက်ပွဲမှာအနိုင်ရဖို့ဆိုရင် ဒီလိုကိစ္စတွေနဲ့ နှောင့်ယှက်ခံလို့မ​​ြဖစ်။သူနဲ့ရွန်ရဲ့ပက်သက်မှုကိုသိသွားရင် သူပါအလိုလိုလူပြောစမှတ်ဖြစ်လိမ့်မည်။

ဟူး...။

ဦးမြင့်ထွေး ဆက်တီခုံနောက်ကျောကိုခေါင်းမှီကာ သက်ပျင်းတစ်ချို့ချမိသည်။ထို့နောက်TVပိတ်ရန်ပြင်လိုက်သည်။သို့သော်လည်း ထူးဆန်းသည့်အလောင်းသတင်းကြောင့်သူမကျော်ဖြစ်လိုက်တော့။

"လည်ပင်းမှာသွားရာလို ဒဏ်ရာရှိနေပါတယ် ဒီမှာဗျ သေချာကြည့် ဒါကတိရစ္ဆာန်တစ်ကောင်ရဲ့သွားပုံစံတော့မဟုတ်ဘူးဗျ"

Love me vampireWhere stories live. Discover now