part-45(unicode)

120 4 0
                                    

အရောင်အသွေးစုံလင်နေသည့် သစ်ရွက်တို့ဖြင့် အုံ့ဆိုင်းကာ ထီးထီးမားမားနှင့်ထူးခြားစွာတည်ရှိနေသည့် သစ်ပင်ကြီးတစ်ပင်သည်  မှော်ဆန်ဆန်တိုင်းပြည်အတွင်း ပေါက်ရောက်နေ၏။တနည်းအားဖြင့်ထိုတိုင်းပြည်သည် လူသားတို့၏ ကံတရားကိုစီမံပေးနေသည့် နတ်တို့နေထိုင်ရာ ဘုံဆိုလျှင်လည်းမမှားပေ။ိုသစ်ပင်ကြီးသည် လုံးပတ်အားဖြင့်လူအယောက်နှစ်ဆယ်ဖက်စာပင် ရှိနေကာ သက်တမ်းအားဖြင့် တွက်ကြည့်လျှင် အတော်ပင်ရှည်ကြာနေလေပြီ။ သို့သော် ပင်စည်ကုပ်တွယ်ရာနေရာတွင် အဆီအနှစ်ပြည့်ဝနေသည့် မြေဆီလွှာအစား ကြည်လင်နေသည့်ရေပြင်ကျယ်ကြီးသာ နေရာယူထား၏။

စန္ဒကူးနံ့သင်းပျံ့နေသည့် လေတစ်ချက်အဝှေ့တွင် ထိုကြီးမားကာ အုံ့ဆိုင်းနေသည့် သစ်ပင်ရှိသစ်ကိုင်းများမှ အရောင်အသွေးစုံလင်နေသည့် သစ်ရွက်ကလေးများသည် ရေပြင်​ေပါ်သို့ တဖြုတ်ဖြုတ်ကြွေကျသွားတိုင်း ရေပြင်သည် လိုင်းကလေးများဖြစ်ပေါ်သွားရချေသည်။ နေ့အချိန်ဖြစ်သော်လည်း နေမင်းကြီး၏ အလင်းရောင်အစား အရောင်အသွေးစုံလင်နေသည့် သစ်ပင်များမှထုတ်လွှတ်သော ရောင်ခြည်တို့ဖြင့်သာထိန်လင်းနေကာ အေးမြနေ၏။

ထိုနေရာသို့ လူနှစ်ယောက်ပျံသန်းလာပြီး သစ်ပင်၏ ပင်စည်နားတွင် ရပ်တန့်လိုက်ကာ...

"မာဇဲ"

"ဟုတ်ကဲ့အကြီးအကဲ.."

"အချိန်က လေးရက်လောက်ပဲကျန်တော့တာ မာဇဲ..။ ဒီအချိန်အတွင်းဇဲတရုသာ နောက်ဆုံးကျန်နေ​​​တဲ့ဗန်ပိုင်းယားကို အဆုံးမစီရင်နိုင်ခဲ့ရင် ဒီကိုပြန်လာလို့မရတော့သလို လူအဖြစ်လည်း ပြန်ဝင်စားလို့မရတော့ဘူး...။ သူ့ရဲ့ဒုတိယအကြိမ်မြှောက်အခွင့်အရေးက အလားဟသဖြစ်သွားဆော့မယ်...။"

"ဗန်ပိုင်းယားသွေးကြောကို ချိတ်ပိတ်လိုက်လို့မရဘူးလား... "

"အဲ့လိုဆိုရင်တောင် ဇဲတရုကပျောက်ကိုပျောက်ကွယ်သွားမှာလေ..."

"ဇဲတရုကလက်မခံဘူး...သူပျောက်ကွယ်သွားဖို့ကိုပဲရွေးချယ်ထားတာ ။ကျွန်မ မောင်လေးကိုမဆုံးရှုံးချင်ဘူး အကြီးအကဲရယ်"

Love me vampireWhere stories live. Discover now