part-9(unicode)

663 24 2
                                    

လမ်းကြားလေးတစ်ခုတွင် လူတွေစုဝေးစုဝေးရှိနေကြ၏။ထိုအထဲတွင် ဘုန်းကိုကိုလည်းပါဝင်နေ၏။

"ဟူး~~"

ညဥ့်ငှက်တို့ကျက်စားရာလမ်းကြားလေးထဲတွင် လူသေမှုတစ်ခုဖြစ်ပွားခဲ့၍ ဘုန်းကိုကိုတစ်ယောက်လာရောက်စစ်ဆေးခြင်းဖြစ်သည်။တွေ့လိုက်ရသည့်အလောင်းကြောင့် ဘုန်းကိုကိုလေပူတွေကိုသာမှုတ်ထုတ်လိုက်မိသည်။လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း ပုံစံတူအလောင်းတွေကို စစ်ဆေးခဲ့ရသေးသည်။

သေဆုံးသည့်လူတွင် ဒဏ်ရာကြီးကြီးမားဖြစ်နေတာမျိုးလည်းမရှိ။အလောင်းခွဲစိတ်သည့် ဆရာဝန်၏ပြောကြားချက်အရ ထိုလူတွေဟာ လည်ပင်းမှကိုက်ရာကြောင့်သာသေဆုံးခဲ့သည်ဟုသိရသည်။လူတွေပြောနေကြတဲ့ ရုပ်ရှင်တွေမှာသာမြင်တွေ့နိုင်တဲ့ ဗန်ပိုင်းယားကောင်တွေဟာ အပြင်မှာများတစ်ကယ်ရှိနေပြီလားဟူသည့် အတွေးတွေကသူ့အသိအာရုံထဲတွင်နေရာယူထားမြဲ..။

သို့ပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲလေ။ဒဏ္ဍာရီတွေမှာပဲရှိကြတဲ့ ဗန်ပိုင်းယားတွေဟာ အပြင်မှာတစ်ကယ်ရှိဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပေ။ထို့ကြောင့်သူကတော့ ကွင်းဆက်လူသတ်မှုဟုသာ မှတ်ချက်ပြုချင်သည်။အကယ်၍များမဟုတ်ခဲ့ဘူးဆိုလျှင်ရော သူဘယ်လိုလုပ်သင့်လဲ...။

တားမြစ်ထားသောကြိုးဝိုင်းအတွင်းမှ ဘုန်းကိုကိုထွက်လာခဲ့လိုက်ပြီး လက်တွင်စွပ်ထားသည့် လက်အိတ်အဖြူအားချွတ်လိုက်၏။ထို့နောက်ကုတ်အတွင်းမှဖုန်းကိုနှိုက်ယူပြီး ဖုန်းနံပတ်တစ်ခုကိုနှိပ်ကာ...

"ဟယ်လို"

"....."

"အေး မလာသေးဘူးလား ခိုင်းစရာရှိလို့"

"....."

"အင်း အခုဟိုလမ်းကြားထဲရောက်နေတာ ရပ်ကွက်ထဲကလူတစ်ယောက်ပြောတာတော့ မနေ့ညကသူ့သူငယ်ချင်းတွေနဲ့ရှိနေတာတဲ့။ အဲ့တာမင်းဒီရောက်ရင် သူ့သူငယ်ချင်းနှစ်ယောက်ကိုရှာပြီး ခေါ်လာခဲ့ "

"....."

"ဘုန်းကြီးကျောင်းကိုတဲ့ဟေ့! တစ်ခါတည်းဘုန်းကြီးဝတ်ပေးလိုက်ဖို့ စခန်းကိုပေါ့ဟ! လောလောဆယ်သူတို့နှစ်ယောက်က သေဆုံးသူနဲ့ နောက်ဆုံးတွေ့တဲ့လူတွေလိုထင်တာပဲ ဒါပဲငါမအားလို့ ဒီရောက်လဲငါ့ရှာမနေနဲ့အုံး"

Love me vampireWhere stories live. Discover now