part_2(unicode)

1K 30 4
                                    

တိတ်ဆိတ်သောအခန်းလေးသည် အလင်းရောင်ကိုတော့လုံလောက်စွာ ရရှိထားသည်။သို့​ေသာ်ကုတင်ထက်လှဲလျောင်းနေသော လူသားသည် ထိုအလင်းရောင်ကိုထိတွေဖို့ရန်မစွမ်းသာ။နှစ်ရှည်လများ ကိုမာဝင်ခဲ့သောထိုကောင်လေးသည် အသားရည်တို့ပင် ​ဖြူဆွတ်နေ၏။

ထိုကုတင်ဘေးတွင် သူအကြိုက်ဆုံးပန်းဖြစ်သည့်လီလီပန်းများကိုလှပစွာ ထိုးထားသောပန်းအိုးတစ်လုံးနှင့်အတူ မိသားစုဓာတ်ပုံဖြစ်ဟန်တူသော ပုံလေးကလည်းရှိနေပြန်၏။ထိုပုံထဲတွင်တော့ ကိုမာဝင်နေသောကောင်လေးသည် အလှပဆုံးပြုံးနေလိမ့်မည်။

သူ့ဘေးတွင်တော့ မျက်နှာတည်တင်းထားသည့်ကောင်လေးနှင့်ထိုကောင်လေးဘေးတွင် အလှပဆုံးပြုံးနေသောကောင်မလေးကိုတွေ့ရလိမ့်မည်။သူတို့သုံးဦးအရှေ့တွင်ရှိသောအမျိုးသားနှင့်အမျိုးသမီးက သူတို့၏မိဘတွေဖြစ်လိမ့်မည်။

တိုင်ကပ်နာရီမှ လက်တံသည်အဂ်လိပ်အက္ခရာဂဏန်း8သို့ရောက်ရှိသည်နှင့်တစ်ပြိုက်နက် ချောက်ဟူသောတံခါးဖွင့်သံကပေါ်ထွက်လာသည်။ထိုအသံနှင့အတူ လူငယ်တစ်ဦးလည်းဝင်ရောက်လာ၏။

"morning နွန်ဒီနေ့ရောအခြေအနေဘယ်လိုလဲ ရာသီဥတုကကောင်းတော့ နေသာထိုင်သာရှိမှာပါ"

ွထိုကောင်လေးက ဓာတ်ပုံထဲတွင်မျက်နှာတည်တင်းနေသည့်ကောင်လေးဖြစ်ပြီး နဂ္ဂရွန်ပင်ဖြစ်လေသည်။

"နွန် ဒီနေ့မင်းကြိုက်တဲ့ငါးဖယ် ချက်မှာတဲ့ စားချင်နေပြီမလား ငါသိသားပဲအာမှားလို့ ကျွန်တော်သိသားပဲလို့ပြောမလို့ နွန်ဒီမှာလှဲနေရတာကြာနေပြီ မညောင်းဘူးလားဟင်"

ရွန်သည် နွန့်၏နူးညံ့သွယ်လျနေသော လက်ချောင်းတို့ကိုဆုပ်ကိုင်ရင်းဆို၏။မည်သည့်အသံမှမကြားရသော်လည်း နှလုံးခုန်စက်လေးရှိမျဥ်းလေးကတော့ မြင့်တက်လျက်။

"နွန်သိလား ငါ သူတို့ကိုပြန်တွေ့ပြီ ဒီတစ်ခါတော့နွန့်စကားကိုနားမထောင်နိုင်တော့ဘူး နွန်ခံစားခဲ့ရသလိုပြန်ပြီးခံစားရအောင်လုပ်မှာ နွန်စောင့်ကြည့်နေမယ်မလား"

"....."

"မြတ်ယန်နောင်ဆိုတဲ့လူကပြောခဲ့တယ်မလား လိင်တူလက်ထပ်တာကသူ့တူရဲ့ဆရာဝန်ဆိုတဲ့ဂုဏ်ကိုကျစေလိမ့်မယ်လို့ အဲ့တာကြောင့်ငါစဥ်းစားထားတာရှိတယ်သိလား သူ့တူကိုအပိုင်သိမ်းပြီး နှိပ်စက်ဖို့လေ နွန်ခွင့်ပြုမယ်မလားဟင်"

Love me vampireWhere stories live. Discover now