ချစ်ခြင်းမဲ့အမုန်းသစ္စာ(part25)

Start from the beginning
                                    

''တို့တွေတွေ့ဖူးကြလား..''

''ကျနော်တို့တွေတွေ့ဖူးကြတယ်လေ...ဒါပေမယ့်အတိတ်ကအတိတ်ဘဲမခင်သစ္စာနှိုင်းကျနော်အကြောင်းသိဖို့မလိုဘူးထင်တယ်..ခွင့်ပြုပါအုန်း''

''ဟို..နေအုန်းလေ...''သစ္စာထိုကောင်လေးနောက်ကိုအမှီလိုက်ပေမယ့်ခြေတံရှည်သူကတော့ခြေလှမ်းကျဲများနဲ့လျှောက်လှမ်းထွက်ခွာသွားလေသည်။

သစ္စာလိုမော်ဒယ်တစ်ယောက်နဲ့မပတ်သက်ချင်တဲ့ယောကျာ်းသားတွေဆိုတာမရှိသလောက်ပါဘဲ...သစ္စာကိုရူးရူးမူးမူးဖြစ်နေတဲ့သူဌေးကြီးတွေလဲရှိနေလေသည်။

*ကောင်လေးမင်းကဘယ်လိုလေးလဲစိတ်၀င်စားဖို့ကောင်းနေပြီး...*

''ဇိုင်း..ဇိုင်းခနကကောင်မလေးကလှတယ်လေမင်းဘာလို့မခေါ်လာရတာလဲ...''နွေမောင်တစ်ယောက်ဇိုင်းနောက်ကိုပြေးလိုက်ရင်းမေးလေသည်။

ဇိုင်းအရပ်က၆ပေ၃လက်မ

နွေမောင့်အရပ်က၅ပေ၉လက်မခန့်သာရှိသည်။

''အေးဆေးပေါ့နွေမောင်အချိန်တန်ရင်သူငါ့ဆီကိုပြန်လာလိမ့်မယ်..''

''မင်းသေချာလှချည်လား..ဘယ်လိုလဲအစီစဥ်က''

''မင်းကိုပြောပြလိုက်ရင်ပျော်စရာမကောင်းတော့ဘူး...အခုတော့အိမ်ပြန်ကြရအောင်..''

*ခင်သစ္စာနှိုင်းကျနော်တို့တွေဂိမ်းတစ်ခုကစားကြတာပေါ့...*

မြနန်းဇိုင်းပြန်မရောက်လာသေးတာကြောင့်စိတ်ပူနေလေသည်။

ညကလည်းနက်လာပြီး...

ခြံရှေ့ကိုငေးမျှော်ကြည့်နေရင်းခနနေသောခြံရှေ့ကကားမီးရောင်ကြောင့်မြနန်းခြံထဲကိုဆင်းလာခဲ့လေသည်။

''ဇိုင်းပြန်လာပြီး''

ကားပေါ်ကနေဆင်းလာသောဇိုင်းကသူမအား''နန်းဘာလို့အပြင်မှာရှိနေတာလဲ.နောက်ကျနေပြီးမအိပ်သေးဘူးလား''

''ဇိုင်းကိုစိတ်ပူနေတာဇိုင်းအခူပြန်ရောက်လာပြီးဘယ်တွေသွားနေတာလဲဇိုင်းရယ်..သန်းခေါင်အချိန်ရှိနေပြီး..''

''ကျနော်ဘားသွားနေတာပါ...''

''အင်းပါဇိုင်းပင်ပန်းလာတယ်မလားနားတော့နော်..''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now