PBye (6)

2.2K 394 56
                                    

Pine၏နှုတ်ခမ်း​တွေက ​အေးစက်​​နေသည်။ သူ့ခံတွင်းထဲမှ ​ဆေးလိပ်နံ့ကိုရလိုက်ပြီး​နောက် ​ရှောင်ပိုင့်စိတ်အာရုံတစ်ခုလုံး ဗလာကျဥ်းသွား​တော့သည်။

သူ့တစ်ကိုယ်လုံးက ​တောင့်တင်း​နေသည်ကို သတိပြုမိ​လေ​တော့ သူ့​မေးရိုးကိုဆုပ်ကိုင်ထားသည့် Pine၏လက်က ပိုတင်းကျပ်သွား၏။

ဒီတံခါးကိုဖွင့်ဟပြီးသည်နှင့် ​သူ့ခံစားချက်​တွေကို ​နောက်ထပ်ဖုံးဖိထားနိုင်စွမ်း မရှိ​တော့မှန်း Pine သ​ဘော​ပေါက်သည်။

​နောက်ထပ်တစ်ခါ ​​ရှောင်ပိုင်ကိုထိ​တွေ့နိုင်ခွင့်ကပင် အလွန်ရှားပါးသွား​လောက်သည်။

Pineအတွက် ​​တွေ့ဖူးခါစ ​ကျွမ်းရိပိုင်က အလွန်တရာ စိတ်ရှုပ်စရာ​ကောင်းခဲ့၏။

သူ့စကား​ပြောပုံက စိတ်ရှုပ်စရာ​ကောင်းကာ တစ်ဖြည်းဖြည်း သူနှင့်နီးကပ်လာသည်က စိတ်ရှုပ်စရာ​ကောင်းပြီး သူ့ကိုယ်သင်းနံ့သည်လည်း စိတ်ရှုပ်စရာ​ကောင်းသလို သူ့အပြုံး​တွေက စိတ်ရှုပ်စရာအ​ကောင်းဆုံးပင်။ ဒီ​လောကထဲ ဒီ​လောက်စကားများတတ်သည့်လူမျိုး တည်ရှိ​နေသည်ကို ​Pineနားမလည်နိုင်ခဲ့။​ ​နေ့ရက်တိုင်းမှာ ​ရှောင်ပိုင်က မကုန်ဆုံးနိုင်သည့် အားအင်အပြည့်နှင့်ဖြစ်ပြီး ​လေ့ကျင့်​ရေးအခန်းထဲတွင် အသံအကျယ်ဆုံးက သူသာ။ Pineကိုချဥ်းကပ်ရသည်အား သူက အထူးတလည် သ​ဘောကျသလို Pineဘက်က ဘယ်လိုပဲ ​အေးစက်စက်အကြည့်​တွေကို​ပေးပါ​စေ ခပ်​ဝေး​ဝေး​နေရန် ငြင်းပယ်​တတ်စမြဲ။

ထိုသို့စိတ်ရှုပ်စရာဘဝမျိုးက နှစ်ဝက်​လောက် ကြာသွားခဲ့၏။ တစ်ရက်၌ Pineက အဖျားကြီးပြီး ​ဆေးရုံတင်လိုက်ရသည်။

​ဆေးရုံကုတင်ထက်တွင် သူနိုးလာချိန် ကျွမ်းရိပိုင်က ဆရာဝန်ကို အပူကပ်​နေခဲ့သည်။ သူက ဆရာဝန်၏​ဘေးတွင်ကပ်ရပ်လျက် အထပ်ထပ်အခါခါ ​ပြော​​နေသည်က 'ဘယ်​တော့မှအဖျားကျမှာလဲ' ၊ 'အဖျား​ကြောင့် ဦး​နှောက်​တော့ထိမသွား​လောက်ဘူးမလား' ၊ 'သူနဲ့ကျွန်​တော်ကတွဲဖက်​တွေ သူ့ဦး​နှောက်ထိသွားရင် ကျွန်​တော်ဘယ်လိုလုပ်ရ​တော့မလဲ' ဟူ​သော စကား​တွေပင်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now